www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

စစ်ကိုင်းတိုင်း ဒေသကြီး၌ ဆီထွက်သီးနှံဧက ၁၇ သိန်းကျော် စိုက်ပျိုးရန် လျာထား

စစ်ကိုင်းတိုင်း ဒေသကြီး၌ ဆီထွက်သီးနှံဧက ၁၇ သိန်းကျော် စိုက်ပျိုးရန် လျာထား-
မုံရွာ  နိုဝင်ဘာ  ၅
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်  ဆီထွက်သီးနှံများ ဖြစ်သောမြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းစသည့် သီးနှံများကို ၁၇၄၆ဝ၉၈ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း  စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန   ဦးစီးမှူးဦးခင်မောင်ညွန့် ထံမှသိရသည်။
-
ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးသွားရန် လျာထားမှုအရ စစ်ကိုင်းခရိုင်အတွင်းရှိ  မြို့နယ်သုံးမြို့နယ်၌ မြေပဲ ၆၁၂၂၁ဧက၊ နှမ်း ၉၂၃၈၂ ဧက၊  နေကြာ ၆၈၅ဝ၅ ဧက၊ ပန်းနှမ်း ၁၈၉ဝ ဧကကိုလည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ  မြို့နယ်လေးမြို့နယ်၌ မြေပဲ ၄၁၇ဝဝ ဧက၊ နှမ်း ၁ဝ၈၈၅၆ ဧက၊ နေကြာဧက ၈၅၇ဝဝ၊ ပန်းနှမ်း ၁၃၈ဝ ဧကကို လည်းကောင်း၊ယင်းမာပင်ခရိုင် အတွင်းရှိ   မြို့နယ် လေးမြို့နယ်၌   မြေပဲ ၃၄၉၉၂ ဧက၊ နှမ်း
၅၇၆၅၄ ဧက၊ နေကြာ ၉၇၂၂၄ ဧက၊ ပန်းနှမ်းဧက ၁၆၁၉ဝ ကို လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ မြေပဲ ၁ဝ၇၃၂၄ ဧက၊ နှမ်း ၂၁၂၅၄၈ ဧက၊နေကြာ ဧက ၂၁၉၁ဝ၊ ပန်းနှမ်းဧက ၈၉ဝ ကိုလည်းကောင်း၊ ကန့်ဘလူခရိုင် အတွင်းရှိ  မြို့နယ် နှစ်မြို့နယ်၌   မြေပဲ ၉ဝ၉၃၄ ဧက၊ နှမ်း ၁၁၁၁၅၃ ဧက၊  နေကြာ ၂၈၁၂၉ ဧက၊မုန်ညင်းဧက ၈၉ဝ၊ ပန်းနှမ်းဧက ၃၁၉ဝဝ ကိုလည်းကောင်း   စိုက်ပျိုးရန် လျာထားခြင်းဖြစ်သည်။
-
ထို့ပြင် ကသာခရိုင်အတွင်းရှိ   မြို့နယ် ခုနစ်မြို့နယ်၌ မြေပဲ  ၉၂၉၈၈ ဧက၊ နှမ်း ၆၉၂ဝ၈ ဧက၊ နေကြာ ၄၆၈၄၁ ဧက၊ မုန်ညင်း ၅၁၇၂ ဧက၊ ပန်းနှမ်းဧက ၄၉၅ဝဝ ကို လည်းကောင်း၊  ကလေးခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌မြေပဲ ၄၄၈၃၃ ဧက၊ နှမ်း ၇ဝ၆၄ ဧက၊ နေကြာ ၆၆၆၉၂ ဧက၊  မုန်ညင်းဧက ၁ဝဝ၂ဝ၊ ပန်းနှမ်း ၆၈၅၉ ဧကကို လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်နှစ်မြို့နယ်၌ မြေပဲ ၁၅၅၃၇ ဧက၊  နှမ်း ၃ဝ၈၅  ဧက၊ နေကြာဧက ၇၂ဝဝ၊  မုန်ညင်းဧက ၂၆၅ဝ၊ ပန်းနှမ်း ၃၄၆၇ ဧကကိုလည်းကောင်း၊ တမူးခရိုင်အတွင်းရှိ မြို့နယ်တစ်မြို့နယ်၌ မြေပဲ ဧက ၁၈၂ဝ၊ နှမ်း ၅၂၃၅ ဧက၊ နေကြာဧက ၁၅၈ဝ၊ မုန်ညင်းဧက ၂၂ဝဝ၊ ပန်းနှမ်း ၅ဝ၇ ဧကကို လည်းကောင်း၊   ခန္တီးခရိုင် အတွင်းရှိ မြို့နယ်နှစ်မြို့နယ်၌  မြေပဲဧက ၄၁၇ဝဝ၊ နှမ်း ၁ဝ၈၈၅၆ ဧက၊  နေကြာဧက ၈၅၇ဝဝ၊  ပန်းနှမ်းဧက ၁၃၈ဝ ကို လည်းကောင်း စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger