www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 12, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒ ဖော်ထုတ်ပွဲကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒ ဖော်ထုတ်ပွဲကျင်းပ
-
ကျောက်ဖြူ နိုဝင်ဘာ ၁၁ 
-
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နာရီစင်ကွင်း၌ ယနေ့နံနက် ၈ နာရီတွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒ ဖော်ထုတ်ပွဲ ကျင်းပသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် ရန်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ARSA အကြမ်းဖက်မှုများကို ရှုတ်ချ ကန့်ကွက်ရန်၊ မောင် တောဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှုများကို ကန့်ကွက်ရန်နှင့် နယ်မြေ ဒေသအေးချမ်း တည်ငြိမ်ရေးအတွက် တာဝန်ယူဆောင်ရွက်သော မြန်မာ့တပ်မတော် အား အပြည့်အဝ ထောက်ခံကြောင်း စသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌက ပြောသည်။
-
ထို့နောက် တပ်မတော် ထောက်ခံပွဲတွင် ကျောက်ဖြူမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် အရန်အဖွဲ့ဝင် ၁ဝဝ ဦးတို့က နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်း အလံနှင့်အတူ မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံ သည်၊ တပ်မတော် အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက် သော Facebookု ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သောတပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည် အေးချမ်းမည်၊ APHR ၏အောက်လုံး အစီရင်ခံစာကို အလိုမရှိဟူသည့် ဗွီနိုင်းဆိုင်း ဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော် ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင်အကြိမ် ၁၂ဝ စုစုပေါင်းအင်အား ၆၅၄၂၅ဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက်ကျင်းပ မည်ဖြစ် ကြောင်း သိရသည်
-
အောင်သန်းနိုင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger