www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 20, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ
-
ကျိုက်ထို နိုဝင်ဘာ ၁၉
-
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး ဘုရားလမ်းသို့ သွားသည့် လမ်းဆုံအနီး၌ မွန်ပြည် နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကျိုက်ထိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့၊ ဘီးလင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ သထုံမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့တို့မှ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၂ဝဝ ဦးတို့က နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံနှင့် အတူ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော် အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာကို အလိုမရှိ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ တပ်မတော် နှင့်အတူ ရပ်တည်စို့ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကြသည်။
-
တပ်မတော် ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၃၄ ကြိမ် စုစုပေါင်း အင်အား ၆၈၁၆ဝဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
(၄ဝ၆)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger