www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 27, 2018

မီဒီယာရဲ့ ဖုံးကွယ်မှုနောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲမှ ဆွေးနွေးမှုများ

မီဒီယာရဲ့ ဖုံးကွယ်မှုနောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲမှ ဆွေးနွေးမှုများ
-
သေနင်္ဂမဟာ ဗျူဟာလေ့လာရေးအဖွဲ့က စီစဉ်ပြုလုပ်သော မီဒီယာရဲ့ဖုံးကွယ်မှုနောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ (The Hidden Reality of Rakhine Situation behind the Media Mask) ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားပထမပိုင်းအဖြစ် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဆွေဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်အရေး ကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား မစ္စတာ ရစ်ဟိုက်ဇမန်းက ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကိုပြသသည်။ ဆက်လက်ပြီး သုတေသနပညာရှင် ဦးမောင်မောင်ငြိမ်းက ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မှတ်တမ်းတင် ခဲ့သည်များကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြဆွေးနွေးသည်။ ထို့နောက် အခမ်းအနားဒုတိယပိုင်းအဖြစ် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မစ္စတာရစ်ဟိုက်ဇမန်း၊ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနှင့် သုတေသနပညာရှင် ဦးမောင်မောင်ငြိမ်းတို့က ဦးဆောင်ဆွေးနွေးပြီး သုတေသနပညာရှင် ဦးသန်းအေးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစကားဝိုင်းဆွေးနွေးပွဲမှ ဆွေးနွေးမှု အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-
ဦးသန်းအေး -အားလုံးပဲ မင်္ဂလာနေ့လယ်ခင်းပါခင်ဗျာ။ ကျွန်တော်ကတော့ အခုဆွေးနွေး ပွဲရဲ့သဘာပတိအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မစ္စတာရစ်ဟိုက်ဇ မန်းကဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ ဘယ်လိုနိုင်ငံခြားသားတစ်ဦး တစ်ယောက်မှမရောက်ရှိဖူးတဲ့ ရခိုင်ပြည်နယ် အတွင်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေကို သွားရောက်ပြီး နိုင်ငံတကာမီဒီယာတွေရဲ့ ရှေ့မှောက်မှာ အမှန်တရားကိုဖော်ထုတ်ပြ သနိုင်ဖို့လုပ်ဆောင်တဲ့ မစ္စတာရစ်ဟိုက်ဇမန်း ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော့် အနေနဲ့ကြိုဆိုပါတယ်။ နိုင်ငံတကာမီဒီယာ တွေနဲ့ တခြားအစိုးရမဟုတ်တဲ့အဖွဲ့အစည်း တွေရဲ့မျက်နှာဖုံးကိုခွာချ နိုင်ဖို့လုပ်ဆောင်တဲ့ သူ့ရဲ့စစ်မှန်တဲ့လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်က မြန်မာတစ်မျိုးသားလုံးရဲ့ ကိုယ်စား အထူးသဖြင့် ရခိုင်ဒေသခံတွေ ကိုယ်စား မစ္စတာရစ်ဟိုက်ဇမန်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ကျွန်တော် ဒီစင်ပေါ်ကိုမတက်ခင် အခမ်းအနားတက်ရောက်တဲ့ဧည့်သည်စာရင်းကို ကြည့်ခဲ့ပါသေးတယ်။ အဲဒီမှာဘာတွေ့ရလဲဆိုတော့ နိုင်ငံတကာ မီဒီယာတချို့အပြင် ပြည်တွင်းသတင်းမီဒီယာ တချို့လည်း ဒီအခမ်းအနားကို တက်ရောက်ခြင်း မရှိတာ ကိုတွေ့ရပါတယ်။ ဖုံးကွယ်နေသော အမှန်တရားများ ဆိုတဲ့ခေါင်းစဉ်ပါအချက်က သူတို့ကိုခြောက်လှန့်လိုက်တာလို့ ကျွန်တော်ထင်ပါတယ်။ ဒီတော့ မစ္စတာရစ်ဟိုက်ဇမန်းအနေနဲ့ စပြောလို့ရပါပြီ။
-
မစ္စတာရစ်ဟိုက်ဇမန်း-ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပွဲကို ကျွန်တော်တို့မကြာမီ စတင်ပါမယ်။ အဲဒီနောက်မှာတော့ မေးခွန်းများမေးမြန်းခြင်းနဲ့ ပြန်လည်ဖြေကြား ခြင်းကိုလုပ်ဆောင်ပါမယ်။ ဒါကြောင့် မေးမြန်းဖို့အတွက် အကောင်းဆုံးမေးခွန်းတွေကို စဉ်းစားပေးထားပါ။
-
သဘာပတိ-ဆရာကြီးဒေါက်တာအေးချမ်းအနေနဲ့ပြောလို့ရပါပြီ။
-
ဒေါက်တာအေးချမ်း-အခုလိုဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ မစ္စတာဟိုက်ဇမန်းပြသသွားတဲ့ရုပ်ရှင်ကိုကြည့်ပြီးတဲ့နောက် သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဒီအချက်အလက် တွေနဲ့ပတ်သက်ပြီး မထင်ထားပါဘူး။ တချို့သမိုင်းပညာရှင်တွေက အရာရာကိုသံသယ ဖြစ်တဲ့အတွက် ကျွန်တော်တို့က အချက် အလက်အားလုံးကို မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ တကယ့် ကိုယုံကြည်စိတ်ချရတဲ့အရင်းအမြစ်တွေက နေရရှိတဲ့ရုပ်ရှင်ကို ကြည့်ရှုခဲ့ပြီးပါပြီ။ မစ္စတာ ဟိုက်ဇမန်းအနေနဲ့ ဒီဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ တွေ့ဆုံမေးမြန်းမှုတွေအားလုံးကို ရရှိခဲ့တဲ့ အပေါ် ကျွန်တော့်အနေနဲ့ အံ့အားသင့်ရပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း တချို့ ဒေသတွေမှာ မြေပြင်ကွင်းဆင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါကြောင့် မစ္စတာဟိုက်ဇမန်းရဲ့ရုပ်ရှင်နဲ့ တင်ပြချက်တွေနဲ့ပတ်သက်ပြီး မေးစရာတချို့ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်အံ့အားသင့် ရတာက ၁၉၈၈ ခုနှစ်ကနေစပြီး ယနေ့အချိန် အထိ ဆယ်စုနှစ်သုံးခုကြာကာလအတွင်း မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းနယ်စပ်ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပုန်ကန် ထကြွလာမှုဖြစ်ပါတယ်။ မောင်တောဒေသ ဟာဆိုရင် လူမျိုးစုအသိုင်းအဝိုင်းတွေအကြားပဋိပက္ခတွေဖြစ်ပေါ်လာတဲ့ နယ်မြေတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် အခုဆယ်စုနှစ်ကာလအတွင်း စစ်တကောင်း ဘင်္ဂါလီတွေရဲ့ တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စစ်တကောင်း ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်သုံးပါတယ်။ ဘာကြောင့်လဲဆိုရင် ဗြိတိသျှ တွေရဲ့ နယ်ချဲ့ကာလအတွင်းမှတ်တမ်းတွေမှာ ပြန်ကြည့်မယ်ဆိုရင် သူတို့ကို စစ်တကောင်း ဘင်္ဂါလီလို့ပဲသုံးနှုန်းထားလို့ဖြစ်ပါတယ်။ စစ်တကောင်းဘင်္ဂါလီ စစ်သွေးကြွတွေဟာဆိုရင် စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ အားလုံးကို ၂ဝ၁၂ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်နဲ့ ၂ဝ၁၇ ခုနှစ်တို့မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ ဘယ်လို အကြောင်းအရာတွေက ဒီလိုဖြစ်စဉ်မျိုးဖြစ်လာဖို့ တွန်းအားပေးတယ်လို့ မစ္စတာဟိုက်ဇမန်းအနေနဲ့ထင်ပါသလဲ။ သူတို့ဟာ မတော်တဆလား ဒါမှမဟုတ်ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုးကိုင်ခြယ်လှယ်ခဲ့တာလား။
-
မစ္စတာရစ်ဟိုက်ဇမန်း - သူတို့က မတော်တဆအနေနဲ့လုပ်တာ လုံးဝမဟုတ်ပါဘူး။ ဒီကိစ္စမှာ ဘင်္ဂါလီမူဆလင်တွေရဲ့ရည်ရွယ်ချက် ပါဝင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘင်္ဂါလီ မူဆလင် ဒါမှမဟုတ် စစ်တကောင်းမူဆလင်ဆိုတဲ့အသုံးအနှုန်းကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းဟာ ၁၉၉ဝ ပြည့်နှစ်မတိုင် မီအချိန်အထိ တွင်တွင်ကျယ်ကျယ်အသုံးပြု ခြင်းမရှိတဲ့ အသုံးအနှုန်းအသစ်ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ၁၉၅ဝ ပြည့်လွန်နှစ်တွေမှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ အခုလိုရင်းကိုပြန်သွားရမယ်ဆိုရင် ဗြိတိသျှတွေက ဒီမှာရှိတဲ့လယ် အလုပ်တွေလုပ်ဖို့ ဘင်္ဂါလီမူဆလင်တွေကို ခေါ်သွင်းခဲ့တဲ့အချိန်ကတည်းက သူတို့ကရည်ရွယ်ချက်ကို ထားရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင် အလွန်တစ်ယူသန်တဲ့အစ္စလာမ် ဘာသာကြောင့် ကိုယ်တိုင်စည်းမျဉ်းတွေ ပြဋ္ဌာန်းအုပ်ချုပ်ပြီးနေထိုင်ဖို့ ဒါမှမဟုတ် အနိမ့်ဆုံး အဆင့်အနေနဲ့ တခြားမူဆလင်တွေရဲ့အုပ်ချုပ်မှု အောက်မှာနေထိုင်ဖို့ဖြစ်ပါတယ်။ ပြောရမှာ တော့အားနာပါတယ်။ သူတို့ဟာ အလွန်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဗုဒ္ဓဘာသာနဲ့တခြားဘာသာတွေ ကိုအထင်အမြင်သေးပြီး အဲဒီဘာသာတွေ အပေါ်မှာလည်း သည်းခံမှုမရှိပါဘူး။ တကယ်တမ်းပြောရမယ်ဆိုရင် သူတို့အုပ်ချုပ်တဲ့ နိုင်ငံအတွင်းမှာတောင်မှ ဗုဒ္ဓဘာသာနဲ့တခြား ဘာသာတွေအပေါ် ဘယ်တော့မှသည်းမခံပါဘူး။ ဒါကြောင့် အခုဖြစ်စဉ်က တမင်ရည် ရွယ်ချက်ရှိရှိနဲ့ ဇာတ်လမ်းတစ်ခုပြီးတစ်ခုကို ဖော်ဆောင်လာတာဖြစ်ပါတယ်။ အရေးကြီး တဲ့တစ်ချက်က လူတော်တော်များများက ဒီပြဿနာရဲ့အတိမ်အနက်ကို သဘောပေါက် ခြင်းမရှိပါဘူး။ ၂ဝ၁၂ ခုနှစ် ဒါမှမဟုတ် ပြီးခဲ့ တဲ့နှစ်ကျမှသာ သိရှိလာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုတိုက်ခိုက်မှုတွေဟာ အခုမှဖြစ် လာတာမဟုတ်ပါဘူး။ ၁၉၇၇ ခုနှစ်၊ ၁၉၉၄ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ်တို့မှာလည်း ဒီလိုကြီးမားတဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၅ဝ ပြည့်နှစ်နဲ့ ၁၉၆ဝ ပြည့်နှစ်တွေအတွင်း မှာတော့ မူဂျာဟစ်ဒင်တွေကတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ သူတို့ကိုယ်သူတို့ မူဂျာဟစ်ဒင်တွေဆိုပြီး အမည်ပေးခေါ်ဝေါ်ခဲ့ပါတယ်။ မူဂျာဟစ်ဒင် ဆိုတာ အာရပ်ဘာသာစကားဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ''အလ္လာအတွက်စစ်သည် တော်များ'' ပဲဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း များစွာကြာတည်ရှိခဲ့တဲ့သူတို့ရဲ့အမှန်တရား ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီး မကြာခင်မှာပဲ မူဂျာဟစ်ဒင်တွေက ရခိုင် ပြည်နယ်မှာရှိတဲ့ ဒေသအများစုကို ထိန်းချုပ် လိုက်ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာအစိုး ရက အလွန်တရာအားနည်းနေချိန်ဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ်မှာရှိတဲ့ မူဂျာဟစ်ဒင် တွေကို ထိထိရောက်ရောက်မတိုက်ထုတ်နိုင်ခဲ့ပါဘူး။ မူဂျာဟစ်ဒင်တွေ မချေမှုန်းမခံရမချင်း သူတို့ဟာ အဲဒီဒေသရဲ့အရှင်သခင်တွေ ဖြစ်ခဲ့ပါတယ်။ အခုတစ်ခါမှာလည်း ကျွန်တော်တို့ဟာ မူဂျာဟစ်ဒင် ပုံစံပဋိပက္ခနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
-
ဒေါက်တာအေးချမ်း - ဒီတော့ မစ္စတာဟိုက်ဇမန်း ပြောချင်တာက အဲဒီဒေသမှာ အစ္စလာမ် ဘာသာရေးစစ်ပွဲ ဆက်လက်တည်ရှိဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုလိုချင်တာလား။
-
မစ္စတာရစ်ဟိုက်ဇမန်း-ရှည်လျားတဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အစ္စလာမ်တွေဟာ ၆ ရာစုလောက်ကတည်းက ပုံစံအမျိုးမျိုးနဲ့ သိမ်းပိုက်စိုးမိုးမှုတွေ လုပ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့ဟာ လူတွေကိုသိမ်းပိုက်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာထွန်းကားတဲ့ အာရှဒေသတစ်ခွင်လုံး နီးပါးနဲ့ ပါရှားဒေသအထိသိမ်းပိုက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပါရှားဒေသတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အခုအီရန်နိုင်ငံကို ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်တွေက အုပ်ချုပ်ပါတယ်။ အခုအချိန်မှာတော့ အီရန်နိုင်ငံရဲ့အခြေအနေက ကွဲပြားခြားနားသွားပါပြီ။ အဲဒီဒေသတွေမှာ ဗုဒ္ဓဘာသာတည်ရှိနေတုန်းပဲ ဆိုတာ လေ့လာမှုတွေအရသိရပါတယ်။ ဒါပေမဲ့ သူတို့လုပ်တဲ့ အရာက ဘယ်လိုယဉ်ကျေးမှုမျိုးကိုမဆို သိမ်းပိုက်စိုးမိုးဖို့ဖြစ်ပါတယ်။ အဓိကအားဖြင့် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယတို့မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ ဘင်္ဂလားပြည်နယ်ကို ရောက်ရှိလာပါတယ်။ ဒီနေရာမှာတော့ သူတို့ကို ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေက တားဆီး လိုက်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေဆိုတာ မူဆလင်တွေမသိမ်းပိုက်နိုင်တဲ့ လူတွေထဲမှာ ပါဝင်ပါတယ်။ တကယ်လို့သာ သိမ်းပိုက်နိုင်ခဲ့တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ ဒီကိစ္စကိုထိုင်ပြောနေနိုင်မှာတောင်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှ သိလာနိုင်မှာမဟုတ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာဆိုရင် ရှေးတုန်းကတည်းက ရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်ပြီး အခုအချိန်မှာလည်း ဆက်လက်ဖြစ်ပွား နေတယ်လို့ ဆိုနိုင်တာဖြစ်ပါတယ်။
-
ဒေါက်တာအေးချမ်း-ကျေးဇူးတင်ပါတယ်။
-
 
နောက်ထပ်မေးခွန်းတစ်ခုကတော့ တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ် သက်တာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး သိချင်တာက ထောင်နဲ့ချီတဲ့သောင်းကျန်းသူ တွေဟာ ဘာကြောင့်အချိန်တိုလေးအတွင်း မှာ စုဖွဲ့နိုင်သွားတာလဲ။ ကျွန်တော်တို့သိသလောက်ဆိုရင် ဒါဟာတကယ့်ကိုတိုတောင်း လွန်းတဲ့အချိန်လေးအတွင်းမှာ ဖြစ်သွားတာ ဖြစ်ပါတယ်။ သူတို့အကြားဆက်စပ်မှုက တိုတောင်းခြင်းမရှိရင်တောင်မှ သူတို့ဟာ သုံးရက်ကနေလေးရက်အတွင်း ကျေးရွာတစ်ရွာလုံးကိုစုဖွဲ့ပြီး ကျေးရွာတစ်ရွာမှ ယောက်ျား သားအယောက် ၁ဝဝဝ က တိုက်ခိုက်မှုတွေလုပ်ဖို့အတွက် ရဲစခန်းတွေဆီဦးတည်လာတယ် လို့ ကျွန်တော်တို့သိထားပါတယ်။ ဒါကြောင့်ဒီလိုကိစ္စတွေကိုလုပ်ဖို့အတွက် သူတို့ကို ဘယ်လိုအရာတွေက တွန်းအားပေးနေတာလဲ။
-

ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger