www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 5, 2018

မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတတည်ရှိမှု သုတေသနကို နော်ဝေနိုင်ငံ၏ ငါးသယံဇာတသုတေသနရေယာဉ်ဖြင့် ပြုလုပ်နေ



နေပြည်တော် ၅-၉-၂ဝ၁၈

မြန်မာ့ရေပိုင်နက် အတွင်းငါးသယံဇာတ တည်ရှိနေမှု အခြေအနေ သုတေသန ပြုလုပ်ခြင်းကို နော်ဝေနိုင်ငံ၏ ငါးသယံဇာတ သုတေသနရေယာဉ် Dr. Fridtjof Nansen ဖြင့် ပြုလုပ်ဆောင်ရွက် နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ စက်တင်ဘာ ၃ ရက်သတင်းများအရ သိရသည်။

ငါးသယံဇာတများသည် ပြန်လည်ဖြည့်ဆည်း နိုင်စွမ်းရှိသော်လည်း မကုန်ခန်းနိုင်သည့် အရာများ မဟုတ်သောကြောင့် တိုးတက်လာနေသော လူဦးရေနှင့်အညီ စားနပ်ရိက္ခာဖူလုံ စေရေးနှင့် မြန်မာ့ငါးလုပ်ငန်း ကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း ကဏ္ဍစီမံခန့်ခွဲမှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မှုများအရ မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတများ၏ တည်ရှိနေမှု အခြေအနေများကို ၁၉၇၈-၁၉၇၉ဘဏ္ဍာနှစ်မှ စတင်၍နော်ဝေနိုင်ငံမှ Dr. Fridtjof Nansen သုတေသန ရေယာဉ်ဖြင့် ပူးပေါင်းကာ တိုင်းတာစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုများအရ မြန်မာ့ပင်လယ်ပြင်တွင် မျိုးသုဉ်းပျက်စီးမှု မဖြစ်စေဘဲ နှစ်စဉ်နှစ်တိုင်း ငါးဖမ်းဆီးထုတ်လုပ် နိုင်သည့် ပမာဏ (Maximum Sustainable Yield-MSY) မှာ ရေပေါ်လွှာငါး မက်ထရစ်တန် သုညဒသမ ၅၅ သန်းကျော်နှင့် ရေအောက်လွှာ ငါးမက်ထရစ်တန် သုည ဒသမဝ၅ သန်းရှိနေကြောင်း ထုတ်ဖော်ရရှိခဲ့သည်။

ယခုနှစ်တွင်လည်း အဆိုပါ တိုင်းတာစစ်ဆေးမှုများကို နော်ဝေနိုင်ငံမှ Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် ဧရာဝတီ ငါးဖမ်းကွက်၊ ရခိုင်ငါးဖမ်းကွက်နှင့် တနင်္သာရီငါးဖမ်းကွက် ပင်လယ်ပြင်များတွင် သုတေသန ဆောင်ရွက်မှုများကို ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger