www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 5, 2018

ဘားအံမြို့နယ် တန် ၉ဝဝ စက်ရုံကွက်သစ် လမ်းမပေါ်တွင် ဓားရှည်ကိုင်ဆောင်ရမ်းကာဒသူကို အမှုဖွင့်



ဘားအံ ၅-၉-၂ဝ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ် လှကာကျေးရွာအုပ်စု တန် ၉ဝဝ စက်ရုံကွက်သစ် လမ်းမပေါ်တွင် ဓားရှည်တစ်လက်နှင့် ရမ်းကားနေသူကို ဘားအံမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

မြိုင်ကလေး ရဲကင်းစခန်းမှူးရဲအုပ် ဇော်လင်း၊ ဒုတိယရဲအုပ် မျိုးဇင်ယုနှင့်အဖွဲ့သည် စက်တင်ဘာ ၃ ရက် ည ၁ဝနာရီက သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် တန် ၉ဝဝ စက်ရုံကွက်သစ် လမ်းမပေါ်တွင် အရိုးအသွား နှစ်ပေ လေးလက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းကို ကိုင်ဆောင်ရမ်းကား နေသဖြင့် ထိန်းသိမ်းစစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာ ထွန်းထွန်းဝင်း တန် ၉ဝဝ စက်ရုံဝင်းအတွင်း လှကာကျေးရွာအုပ်စု ဘားအံမြို့ နေသူဖြစ်ကြောင်း စစ်ဆေး သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားရှည်ကိုင်ဆောင် ရမ်းကားသူ ထွန်းထွန်းဝင်းကို ဘားအံမြို့မရဲစခန်းက (ပ)၁၄၈၈/၂ဝ၁၈၊ လက်နက် ဥပဒေပုဒ်မ-၁၉(င)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger