www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 19, 2018

ဘုတ်ပြင်းမြို့နယ်၊ ခင်ပြည့်စုံကျွန်းအနီး၌ ဝါးတန်းငါးဖမ်းလှေ တစ်စင်း နစ်မြုပ်မှုဖြစ်ပွား၊ တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော် ၁၉-၉-၂၀၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်နေ ဒေါ်လှစိန် ပိုင်ဆိုင်သည့် ချမ်းငြိမ်းအောင်(တ-၄၅၇)အမည်ရှိ ဝါးတန်းငါးဖမ်းလှေသည် စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီ မိနစ် ၅ဝ တွင် ဘုတ်ပြင်းမြို့၏ အနောက်ဘက် ရေမိုင် ၄၃ မိုင်ခန့် အကွာရှိ ခင်ပြည့်စုံကျွန်းအနီးသို့ အရောက်၌ လေပြင်းတိုက်ခတ်မှုကြောင့် ရေယာဉ်တိမ်းစောင်း၍ နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်က ဒေသခံငါးဖမ်းစက်လှေများနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

အဆိုပါ ဝါးတန်းငါးဖမ်းလှေတွင် လှေသား၂၇ ဦးလိုက်ပါလာရာ လှေသား ၂၆ ဦးအားရှာဖွေတွေ့ရှိ၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပျောက်ဆုံးနေသည့် လှေသားတစ်ဦးအား တပ်မတော်သားများနှင့် ဒေသခံ ရေလုပ်သားများ ပူးပေါင်း၍ ဆက်လက်ရှာဖွေလျက် ရှိကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger