www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 11, 2018

မြစ်ရေကြီးချိန် ချင်းတွင်းမြစ်တစ်လျှောက်ရှိ ဝဲခုနစ်ခုကို အထူးဂရုပြုဖြစ်ကျော်မောင်းနှင်ကြရန် သတိပေးနှိုးဆော်



မုံရွာ ၁၁-၇-၂ဝ၁၈

ချင်းတွင်းမြစ်ရေမြင့်တက် လျက်ရှိသောကြောင့် မုံရွာနှင့်ခန္တီးကြားရှိ ဝဲခုနစ်ခုကို ရေယာဉ် သင်္ဘောများအနေဖြင့် အထူးဂရုပြု ဖြတ်ကျော် မောင်းနှင်ကြရန် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)က သတိပေးနှိုးဆော်ထားကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

မုံရွာနှင့်ခန္တီးကြားရှိ ရွှေစာရေးဝဲ၊ ဝက်သိုက်ဝဲ၊ ပေဝဲ၊ လောင်းဂရိတ်ဝဲ၊ မစိန်ဝဲ၊ ရွှေပုလ္လင်ဝဲနှင့် ကတိုးဝဲဟူသည့် ဝဲခုနစ်ဝဲကို အထူးဂရုပြု ဖြတ်ကျော်မောင်းနှင် ကြရန်သတိပေးနှိုးဆော် ထားခြင်းဖြစ်ကြောင်း သိရသည်။

"အထက်မှာ ပေအောက်မှာ ရွှေအလယ်ဝက်သိုက် မျက်ဖြူဆိုက်ဆိုပြီး ချင်းတွင်းမြစ် ဝဲသုံးဝဲကို စာချိုးမှတ်တမ်းတင် ထားတာတော့ ရှိတယ်။ ဒါပေမဲ့ ချင်းတွင်းမြစ်တစ်လျှောက်မှာ ရေကြီးရင် ဝဲခုနစ်ခုရှိပါတယ်။ သတိထားသွားရမယ့် ဝဲတွေပါ"ဟု ချင်းတွင်းမြစ် တစ်လျှောက် ဖောင်လုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးကျော်သောင်းက ပြောပြသည်။

ရွှေစာရေးဝဲသည် မုံရွာမြို့မှ ၁၉မိုင်အကွာ မုံရွာနှင့်ကနီ ကြားတွင်ရှိပြီး ဝက်သိုက်ဝဲသည် မုံရွာမြို့မှ မိုင် ၉ဝ အကွာ ကနီနှင့်မင်းကင်းကြားတွင် တည်ရှိကာ မုံရွာမြို့မှ ၁၄၄ မိုင်ဝေးသော ပေဝဲသည် မင်းကင်းနှင့် ကလေးဝကြားတွင် တည်ရှိကြောင်း သိရသည်။

ထို့ပြင် လောင်းဂရိတ်ဝဲသည် မုံရွာမြို့မှ မိုင် ၁၆ဝ အကွာ ကလေးဝနှင့် မော်လိုက်ကြားတွင် တည်ရှိပြီး မုံရွာမြို့မှ ၁၆၅ မိုင် အကွာတွင်တည်ရှိသည့် မစိန်ဝဲသည် ကလေးဝနှင့် မစိန်ကြားတွင်တည်ရှိကာ မော်လိုက်နှင့်ဖောင်းပြင် ကြား မုံရွာမြို့နှင့် မိုင် ၂၃ဝ အကွာတွင် ရွှေပုလ္လင်ဝဲ တည်ရှိကြောင်၊ချင်းတွင်း မြစ်အဖျား မုံရွာမြို့မှ ၄၄၇မိုင်အကွာ ဟုမ္မလင်းနှင့် ခန္တီးကြားတွင် ကတိုးဝဲတည်ရှိကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger