www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 9, 2018

ကျောက်မဲမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသည့် နွားတင်ယာဉ် ငါးစီး ဖမ်းဆီးရမိ



ကျောက်မဲ ၉-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး အိုရီယမ်တယ် ဟိုက်ဝေးတိုးဂိတ် အနီးတွင် ဇူလိုင် ၇ရက်ညပိုင်းက တရားမဝင်သယ်ဆောင် လာသည့် နွားတင်ယာဉ်ငါးစီးကို သယ်ဆောင် လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

ကျောက်မဲမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးကာ ပူးပေါင်းအဖွဲ့တို့က ကျောက်မဲအိုရီယမ်တယ် ဟိုက်ဝေးတိုးဂိတ်အနီးတွင် နွားများ တင်ဆောင်လာသည့် ယာဉ်များကို စစ်ဆေးရာမှ ဝန်ကြီးဌာနများ၏ ခွင့်ပြုချက် တစ်စုံတရာအထောက်ထားများမပါရှိဘဲ နွားများကို တစ်ကောင်လျှင် ငွေကျပ်ခြောက်သိန်းနှုန်းဖြင့် ၁၂ဘီးယာဉ် ငါးစီးဖြင့် နွားထီးအကောင်ရေ ၁ဝ၂ကောင်ကို ယာဉ်ငါးစီးဖြင့် တင်ဆောင်လာခြင်းကြောင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

"အရင်ကလဲ နွားတင်ဆောင်လာတဲ့ ကားတွေ ဖြတ်နေကြတာပါပဲ။ အခုမှစစ်ဆေးမှုတွေ လုပ်ပြီးတရားမဝင် သယ်ဆောင်လာတဲ့ အတွက် ဖမ်းတာလို့ သိရပါတယ်။ အရင်ကားတွေလဲ ဒီလိုပဲဖြတ်နေတာ ဖြစ်မှာပါ။ နွားတင်ဆောင် လာတဲ့ ကားတွေလဲ အပစ်ခံရ၊ အဖမ်းခံရတာတွေကို မကြာခဏကြား နေရတာပါ"ဟု ကျောက်မဲမြို့ဒေသခံ ဦးကောင်းဇံက ပြောပြသည်။

အဆိုပါနွားများကို မျိုးတင့်ကြည်မောင်းနှင် လာသော NISSAN ၁၂ဘီးယာဉ် 9C/-------၊ အောင်လင်း မောင်းနှင်သော NISSAN ၁၂ဘီးယာဉ် 8I/-------၊ မောင်မောင်ဦး မောင်းနှင်သော ၁၂ဘီးယာဉ်6B/-------၊ကိုစိမ်းကို မောင်းနှင်သော၁၂ဘီးယာဉ်1F/-------နှင့် နိုင်ထွန်းလင်း မောင်းနှင်သော ၁၂ဘီးယာဉ် 3M။-------တို့နှင့်အတူ ကျော်စိုး(ခ) ရမ္မ်ဇန်းဘိုင်နှင့် မအိ(ခ) အိအိချောတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ငါးစီးဖြင့် နွားများတင်ဆောင်လာသော ကျော်စိုး(ခ)ရမ္မ်ဇန်းဘိုင်၊မျိုးတင့်ကြည်၊ မအိ(ခ)အိအိချော၊ အောင်လင်း၊ မောင်မောင်ဦး၊ ကိုစိမ်းကိုနှင့် နိုင်ထွန်းလင်းတို့ကို ကျောက်မဲမြို့မရဲစခန်းက (ပ)၂၆၇/၂ဝ၁၈၊ ၂ဝ၁၂ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger