www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 9, 2018

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများကို ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူများကို မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၉-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ရှိ ရေပူစစ်ဆေးရေးဂိတ်၌ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ငွေကျပ် ၈၃ သိန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့က သတင်းအရ မော်တော်ယာဉ်များကို စစ်ဆေးမှုများ ဆောင်ရွက်စဉ် မူဆယ်ဘက်မှ လားရှိုးဘက်သို့ ဦးဇော်မျိုးနိုင် (ဘ)ဦးမောင်နု မောင်းနှင်လာပြီး ယာဉ်နောက်လိုက် ဦးအောင်သိုက် (ဘ)ဦးထွန်းကြည် လိုက်ပါလာသည့် SHN/8J----EXPRESS အမျိုးအစား အပြာရောင် ကြယ်တံခွန် ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်၏ ကိုယ်ထည်အတွင်း ထည့်သွင်းသယ်ဆောင် လာသည့် ဘိန်းဖြူ ၁ဝ ဂရမ်ခန့်ပါ ရောင်စုံ ပလတ်စတစ် ဆပ်ပြာခွက် ၄၄ခွက်(ခန့်မှန်းဂရမ်၄၄ဝခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို လားရှိုးမြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger