www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

ဒီးမော့ဆို မြို့နယ်၌ ခရစ္စမတ် ပွဲတော်နှင့် လူထု တွေ့ဆုံပွဲ ကျင်းပ

ဒီးမော့ဆို မြို့နယ်၌ ခရစ္စမတ် ပွဲတော်နှင့် လူထု တွေ့ဆုံပွဲ ကျင်းပ
-
ဒီးမော့ဆို  ဒီဇင်ဘာ  ၂၅ 
-
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါ တမကြီးကျေးရွာအုပ်စု ဒေါတချကျေးရွာ၌ ခရစ္စမတ်ပွဲတော်နှင့် လူထုတွေ့ဆုံပွဲ ကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။ 
-
အခမ်းအနားတွင်   ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကား ပြောကြားရာတွင် ခရစ္စမတ်ပွဲ တော်များ ကို  ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း၊ အစိုးရ၊  လွှတ်တော်၊ ပြည်သူ လူထုများ ပူးပေါင်း၍  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်   လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်နိုင်ရန် တွေ့ဆုံ ပွဲကိုလည်း ကျင်းပခြင်းဖြစ်ကြောင်း၊ ကျေးရွာ ပြည်သူလူထုများကလည်း မိမိကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည်များကို  ပွင့်ပွင့်လင်းလင်းတင်ပြကြရန်နှင့် တင်ပြချက် အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
-
ဆက်လက်၍ ဒေသခံပြည်သူလူထုများက ကျေးရွာအတွက် သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊  ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ပေးနိုင်ရေး၊ ကျေးရွာစာသင်ကျောင်းများ ဆောက် လုပ်ပေး နိုင်ရေး၊ ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ရေး စသောအချက်များကို တင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဉ်များကို   ပြန်လည်ရှင်းလင်း ပြောကြားသည်။ 
-
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျေးရွာလူငယ်မောင်မယ်များအား ငွေကျပ်  ၁ သိန်း၊ ခရစ္စမတ်သီချင်းသီဆိုဖျော်ဖြေခဲ့သည့်အဖွဲ့အတွက်   ငွေကျပ် နှစ်သိန်း၊ ဒေါတချကျေးရွာ  အခြေခံပညာမူလတန်း ကျောင်းအတွက် အားကစား ပစ္စည်းဝယ်ယူရန် ငွေကျပ် တစ်သိန်း၊ ခရစ္စမတ်ပွဲတော်ကျင်းပရေးအတွက်  ငွေကျပ်  ငါးသိန်း စုစုပေါင်းငွေကျပ် ကိုးသိန်း ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။             
-
ရီရယ် (ဒီးမော့ဆို)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger