www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 9, 2018

အစိုးရသစ်လက်ထက် SME လုပ်ငန်းများ၏ အခြေခံစားသောက်ကုန် လုပ်ငန်းများအတွက် နေပြည်တော်မှ တောင်သူ ၁၅ ဦးကို ချေးငွေများ စတင်ထုတ်ချေး



နေပြည်တော် ၉-၅-၂ဝ၁၈

ယခုအစိုးရသစ် လက်ထက်တွင် အသေးစားနှင့် အလတ်စား SME လုပ်ငန်းများ၏ အခြေခံစားသောက်ကုန် လုပ်ငန်းများအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ တောင်သူ ၁၅ဦးကို တစ်နှစ်လျှင် အတိုးနှုန်း ၁၃ရာခိုင်နှုန်းပြန်ဆပ်ကာလ ခြောက်လဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ ယနေ့တွင်စတင် ထုတ်ချေး ပေးခဲ့သည်။

အဆိုပါ ချေးငွေများကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာမှ တောင်သူ ၁၅ ဦးကို စိုက်ပျိုးမြေ ၁၂ဒသမ ၃ဝ ဧကအတွက် ငွေကျပ် ၆၁၅ဝဝဝဝ ကို အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပြန်ဆပ်ကာလ ခြောက်လဖြင့် ထုတ်ချေး ပေးခြင်းဖြစ်ပြီး တစ်ဧက ငါးသိန်းနှုန်းဖြင့် အပေါင်ပစ္စည်းမဲ့ ထုတ်ချေးခြင်းဖြစ်ကာ ချေးငွေပြန်လည် ပေးဆပ်သည့် တောင်သူများ ကို ဒုတိယအကြိမ် ထုတ်ချေးပါက ယခုထက်ပိုမိုသော ချေးငွေပမာဏကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဘဏ်တွင် ယနေ့ပြုလုပ်သည့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင် လျက်ရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်း ၁၅ ခုကို ချေးငွေလွှဲပြောင်း ပေးအပ်သည့် အခမ်းအနားတွင် စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ချေးငွေတွေကို လုပ်ငန်းခွင်မှာ သုံးဖို့လိုပါတယ်။ဒီကမှ ပိုလျှံလာတဲ့ငွေကို တောင်သူတွေ အသုံးပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဏ်ကို အများပြည်သူတွေ လာရောက်အပ်နှံကြတဲ့ အပ်ငွေတွေကို စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကို ထုတ်မချေးဘဲနဲ့ အောက်ခြေမှာ တကယ်ကို လိုအပ်နေတဲ့ လုပ်ငန်းတွေကို ထုတ်ချေးပေးထား တာဖြစ်တဲ့အတွက် မိဘပြည်သူတွေကလဲ တကယ်လိုအပ်တဲ့ နေရာမှာပဲ သုံးပြီးတော့ အချိန်မှန် အတွင်းပြန်ဆပ်ဖို့မျှော်လင့်ပါတယ်"ဟု အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဇေယျာညွန့်က ပြောပြသည်။

လက်ရှိအစိုးရ သက်တမ်း နှစ်နှစ်တာ ကျော်လွန်သွားခဲ့ သော်လည်း ယခုကဲ့သို့ အပေါင်ပစ္စည်းမဲ့ ချေးငွေများ ထုတ်ချေးပေးနိုင်ခြင်း မရှိသေးကြောင်း၊ လုပ်ငန်းငယ်များကို အပေါင်ပစ္စည်းမဲ့ ထုတ်ချေးခြင်းမှာ ပထမဆုံးအကြိမ် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ ချေးငွေများကို လုပ်ငန်းခွင်တွင် အမှန်တကယ် အသုံးပြုရန်လိုအပ်ပြီး ၎င်းမှပိုလျှံလာသည့် ငွေကိုသာ တောင်သူများအနေဖြင့် အသုံးပြုကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger