www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 8, 2018

မြစ်သားမြို့တွင် ဆိုလာပြားဖြင့် ဘက်ထရီအိုးအားသွင်းရာမှ အပူလွန်ကဲ၍ အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား



မြစ်သား ၈-၅-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ်တွင် ယနေ့နံနက် ၁ဝ နာရီ ၃၂မိနစ်က ဆိုလာပြားဖြင့် ဘက်ထရီအိုး အားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်ဝါးထရံသို့ မီးကူးစက်ကာ အိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်သားမြို့ မြို့မအနောက်ရပ်ကွက် (ခြံကြီးဝင်း)နေ မယဉ်နွယ်သိန်း (ဘ) ဦးခင်မောင်အေး၏ ကိုးပေ၊ ခုနစ်ပေ သွပ်မိုး၊ ထရံကာဝါးကြမ်းခင်း မြေစိုက်ယာယီတဲ တစ်လုံးတွင် ဆိုလာပြားဖြင့် ဘက်ထရီအိုး အားသွင်းထားရာမှ အပူလွန်ကဲပြီး နံနက် ၁ဝနာရီ ၃၂ မိနစ်က နေအိမ်ဝါးထရံသို့ မီးကူးစက်ကာ အိမ်တစ်လုံး စတင်မီးလောင်ကျွမ်းခဲ့သဖြင့် ရပ်ကွက်အရန် မီးသတ်တပ်ဖွဲ့ဝင် ဦးရေ ၂ဝနှင့် ပြည်သူများက ပတ်ဝန်းကျင်ရှိရေများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ဝ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယဉ်နွယ်သိန်းကို မြစ်သားမြို့နယ် ရဲစခန်းက ပုဒ်မ-၂၈၅၊ (ပ)၁၂၉/၂ဝ၁၈ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger