www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 8, 2018

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းလုပ်ငန်းများ ထပ်မံတိုးမြှင့် ဆောင်ရွက်သွားမည်



ရန်ကုန် ၈-၅-၂ဝ၁၈

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို ထပ်မံတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သတင်းများအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက် လာနေမှု အခြေအနေများအရ နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ကိုင်မှုများ တိုးတက်လာနေသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ အပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်းများနှင့် နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှုများ၊ ပြည်တွင်းလေယာဉ်စီး ခရီးသွားများ တိုးတက်များပြား လာကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်အပြည်ြပည် ဆိုင်ရာလေဆိပ်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းကို  YangonAerodrome Company Limited-YACL နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပြီး စီမံကိန်း လုပ်ငန်းကာလ ၃၆ လ ခွင့်ပြုဆောင်ရွက် စေခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ လုပ်ငန်းစီမံကိန်း ကာလ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း လုပ်ငန်းအချို့ ကျန်ရှိနေပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကိုလည်းလည်း ဆောင်ရွက် နေဆဲဖြစ်သဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ထပ်မံတိုးချဲ့ ဆောင်ရွက်ရန်လိုအပ် လာသဖြင့် လုပ်ငန်းစီမံကိန်းများကို နောက်ထပ် ၁၈ လ ထပ်မံတိုးမြှင့်ဆောင်ရွက် နိုင်ရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ရာခန့် အကုန်အကျဆောင်ရွက် သွားမည်ဖြစ်သည်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို Phase 1,2,3 ဟူ၍ အဆင့်သုံးဆင့် သတ်မှတ်ဆောင်ရွက် လျက်ရှိသည်။

လက်ရှိတွင် လေဆိပ် Terminal-1 နှင့် Terminal-2 ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် လေယာဉ်ပြေးလမ်း၊ ရပ်နားနေရာများကိုလည်း ထပ်မံအဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger