www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 8, 2018

မိုးမောက်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ



နေပြည်တော် ၈-၅-၂ဝ၁၈

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် စိန်လုံစုပေါင်း စစ်ဆေးရေး ဂိတ်၌ လုံခြုံရေးဆောင်ရွက် နေသော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် မိုးမောက်မြို့ဘက်မှ ထွက်ခွာလာသည့် ဦးအောင်စိန်ဦး(ဘ) ဦးသန်းအောင်မောင်းနှင်၍ ဦးကိုမြင့် (ဘ) ဦးငယ်နှင့် ကိုထွန်းထွန်း (ဘ) ဦးဝင်းမြင့် လိုက်ပါလာသော နစ်ဆန်းဒီဇယ် အမျိုးအစား ၁၂ဘီးယာဉ်အမှတ်၊ 8E /----- ကိုရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော တရားမဝင်ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၁ဝတန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် တရားမဝင်သစ်များကို စိန်လုံရဲစခန်းနှင့် စိန်လုံသစ်တော ဦးစီးဌာနတို့သို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger