www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 11, 2018

ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးတို့တွင် မြင်းကောင်ရေ များသော လယ်ယာသုံး စက်ကိရိယာများ အရစ်ကျစနစ်ဖြင့် တင်သွင်း ရောင်းချမည်



ရန်ကုန် ၁၁-၅-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတို့တွင် မြင်းကောင်ရေ အားများသော လယ်ယာသုံးစက် ကိရိယာများကို အရစ်ကျစနစ်ဖြင့် ထပ်မံတင်သွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း Iseki Myanmar Farm Machinery ကုမ္ပဏီ၏ သတင်းများအရ သိရသည်။

အဆိုပါ Iseki Myanmar Farm Machinery ကုမ္ပဏီအနေဖြင့် လက်ရှိတွင် လယ်ယာသုံး စက်ကိရိယာများကို ဘဏ်များနှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက် ရှိသည်။ တောင်သူများအနေဖြင့် အဆိုပါ လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျ ဝယ်ယူလိုပါက ဝယ်ယူလိုသည့် လယ်ယာလုပ်ငန်းသုံး စက်ကိရိယာတန်ဖိုး၏ ၂ဝရာခိုင်နှုန်းအရင် ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိနေသည့် ၈ဝ ရာခိုင်နှုန်းကို ခြောက်လတစ်ကြိမ် နှစ်နှစ်ပေးသွင်း ရမည်ဖြစ်သည်။ ထိုသို့ဝယ်ယူရာတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အရစ်ကျယူမည် ဆိုပါက JICAချေးငွေဖြင့် ငါးနှစ်အရစ်ကျ ရောင်းပေး လျက်ရှိသည်။

အဆိုပါ အရစ်ကျစနစ်ဖြင့် ရောင်းချမှုကိုလက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး တို့တွင် ရောင်းချပေးနေခြင်း ဖြစ်သည်။ Iseki Myanmar Farm Machinery ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ကာ လယ်ယာသုံး စက်ကိရိယာများ ဖြစ်သည့် ရိတ်သိမ်းခြွေလှေ့ စက်မြင်းကောင်ရေ ၈ဝ၊ လေးဘီးထွန်စက် ၅၅၄၊ ၅၄ဝ၊မြင်းကောင်ရေ၄ဝနှင့် မြင်းကောင်ရေများသည့် လယ်ယာသုံးစက် ကိရိယာများကို အရစ်ကျစနစ်ဖြင့် ထပ်မံရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger