www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 5, 2018

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ယဉ်ကျေးမှုပြတိုက် (မန္တလေး) အတွင်း လေ့လာရာတွင် ယခုလမှ စက်တင်ဘာလထိ ဝင်ကြေးကောက်ခံခြင်း မပြုဟုဆို



မန္တလေး ၅-၄-၂ဝ၁၈

ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များကို ယဉ်ကျေးမှုပြတိုက် (မန္တလေး) အတွင်းသို့ ဝင်ရောက် လေ့လာရာတွင် ယခုလမှစတင်၍ စက်တင်ဘာလထိ ဝင်ကြေးကောက်ခံခြင်း မပြုတော့ဘဲ ယဉ်ကျေးမှုဇုန် ဝင်ကြေးဖြင့်သာ လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မန္တလေး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများသို့ ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များ လာရောက် လေ့လာမည်ဆိုပါက ဇုန်ဝင်ကြေး ကောက်ခံလျက်ရှိပြီး ၎င်းဝင်ကြေးဖြင့် အင်းဝရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများနှင့် ရွှေကျောင်းကြီး၊ မြနန်းစံကျော် ရွှေနန်းတော်၊ ကုသိုလ်တော်၊ မန္တလေးတောင်၊ မဟာမုနိရုပ်ရှင်တော် မြတ်စသည့် နေရာများသို့ ဝင်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

"ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်တွေ ကို ဧပြီလကစပြီး ယဉ်ကျေးမှု ပြတိုက်ထဲ ဝင်ရောက် လေ့လာရင် ဝင်ကြေးမကောက်ခံ တော့ပါဘူး။ အရင်တုန်းကတော့ ယဉ်ကျေးမှုဇုန် ဝင်ကြေးနဲ့ဝင်ရောက် လို့မရပါဘူး။ ပြတိုက်ထဲကို လေ့လာမယ်ဆိုရင် သီးသန့်ဝင်ကြေး တစ်ယောက်ကို ငွေကျပ် ၅ဝဝဝ ကောက်ခံပါတယ်။ အခုဆိုရင် ယဉ်ကျေးမှု ဇုန်ဝင်ကြေးတစ်ခုနဲ့ ဝင်ရောက်လို့ရပါတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယဉ်ကျေးမှုပြတိုက် (မန္တလေး) ၌ ဗုဒ္ဓအနုပညာ ပြခန်းတွင် ပြကွက်ပေါင်း ၁၂ ကွက်၊ မြန်မာ့သမိုင်း အကြိုခေတ်နှင့် မြို့ပြယဉ်ကျေးမှု ပြခန်းတွင် ပြကွက်ပေါင်း ကိုးကွက်၊ ရတနာပုံပြခန်းတွင် ပြကွက်ပေါင်း ၁၄ ကွက်၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး ပြခန်းတွင် ပြခန်း ၁ဝ ကွက်တို့ဖြင့် ခင်းကျင်းပြသထားပြီး လစဉ်ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည်သည့်များ လာရောက်လေ့လာ လျက်ရှိကြောင်း၊ ပြတိုက်ဖွင့်ချိန်ကို နံနက် ၉ နာရီမိနစ် ၃ဝ မှ ညနေ ၄ နာရီမိနစ် ၃ဝ ထိ ဖွင့်လှစ် ထားပြသ ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger