www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 5, 2018

လမ်းခင်းကျောက်ကျင်း တူးဖော်စဉ် ကျောက်ကျင်းပြိုကျ လူနှစ်ဦးသေဆုံး၊ သုံးဦးပြင်းထန်စွာ ဒဏ်ရာရ




ကျောက်ပန်းတောင်း ၅-၄-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တယ်ပင်တဲ ကျေးရွာကျောက်ကျင်းတွင် ယနေ့နံနက် ၁၁ နာရီမိနစ် ၃ဝ က လမ်းခင်းကျောက်ကျင်း တူးဖော်စဉ် ကျောက်ကျင်းပြိုကျရာမှ လူနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း လက်ပံပျား နယ်မြေရဲစခန်းမှ သိရသည်။

ဝေဝေထွန်း (ဘ) ဦးမိုလုံး ကျောက်ပန်းတောင်း မြို့နယ်၊ မမျိုး (ဘ) ဦးတင်မူ မိတ္ထီလာမြို့နယ် နေသူနှင့် ဇော်ဇော် (ဘ) ဦးသန်းဝေ၊ လမင်းကိုကို (ဘ) ဦးခိုင်၊ဦးခိုင်(ဘ)ဦးတင်ရွှေ မိတ္ထီလာမြို့နယ် နေသူတို့သည် ကျောက်လိုဏ်ဂူ အတွင်းဝင်ရောက်၍ လမ်းခင်းကျောက် တူးနေစဉ် ကျောက်လိုဏ်ဂူအပေါ် အမြင့်ပေ ၃ဝ ကျော်ခန့်မှ ကျောက်နှင့်မြေသားများ ရုတ်တရက်ပြိုကျကာ ဝေဝေထွန်းနှင့် မမျိုးတို့မှာ ကျောက်ခဲများ ပြုတ်ကျရာမှ လူပေါ်သို့ ပိမိသေဆုံးခဲ့ပြီး ဇော်ဇော်၊ လမင်းကိုကိုနှင့် ဦးခိုင်တို့မှာလည်း ပြင်းထန်သည့် ဒဏ်ရာများရရှိ ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝေဝေထွန်းနှင့် မမျိုးတို့မှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် သိရှိနိုင်ရန် ယနေ့ မွန်းလွဲ ၁နာရီက လက်ပံပျားနယ်မြေရဲစခန်း၌ သေမှုသေခင်း ရေးဖွင့်၍ အမှုစစ်စခန်းမှူး ရဲအုပ်စိုင်းဝင်းက စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger