www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 5, 2018

မီးရထားစက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်)မှ ယခုနှစ် ဇွန်လကုန်တွင် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်မည်



နေပြည်တော် ၅-၄-၂ဝ၁၈

မြန်မာ့မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) တွင် စက်ခေါင်း တပ်ဆင်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး ယခုနှစ် ဇွန်လကုန်တွင် စက်ခေါင်းသစ် တစ်ခေါင်းတပ်ဆင် ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊မြန်မာ့မီးရထား၏ သတင်းများအရ သိရသည်။

မြန်မာ့မီးရထားမှ နေပြည်တော်တွင် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံစီမံကိန်းကို မြေဧရိယာ ၁၈ ဧကတွင် ၂ဝ၁၅ခုနှစ်ဇွန် ၁ရက်က စတင်အကောင်အထည် ဖော်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းလုပ်ငန်းတွင် ပင်မစက်ရုံနှင့် အထောက်အကူပြု အဆောက်အအုံ ၁၄ လုံး ပါဝင်သည်။

ယခုအခါ အဆိုပါ စက်ရုံတည်ဆောက်ရေး လုပ်ငန်းများမှာ ၉၃ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေ ပြီဖြစ်ပြီး ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလ ကုန်ခန့်တွင် စက်ရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီး မည်ဖြစ်သည်။

လက်ရှိတွင် စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ရန် စက်ခေါင်း ၁ဝ ခေါင်းအတွက် လိုအပ်သည့် ပစ္စည်းများ ရောက်ရှိနေပြီဖြစ်ရာ ပြီးခဲ့သည့် မတ် ၂၆ရက်မှ စတင်ကာ စက်ခေါင်းတပ်ဆင် တည်ဆောက်မှု လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လကုန်တွင် စက်ခေါင်းသစ် တစ်ခေါင်းတပ် ဆင်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံစီမံကိန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက တစ်နှစ်လျှင် မီးရထားစက်ခေါင်းသစ် ၂ဝ တပ်ဆင်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာ့မီးရထား အနေဖြင့် မီးရထားကဏ္ဍ အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger