www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 5, 2018

ကျောက်ဆည်မြို့နယ် ရွာတော်ကျေးရွာတွင် နွားများထားသည့် ကျီတဲတစ်လုံး မီးလောင်



ကျောက်ဆည် ၅-၄-၂ဝ၁၈

ကျောက်ဆည်မြို့နယ် ရွာတော်ကျေးရွာတွင် ယနေ့မွန်းလွဲ ၂ နာရီကျော်ခန့်က နွားများထားရန်နှင့် နွားစာများထားရန် တွဲ၍ ဆောက်လုပ်ထားသော ကျီတဲတစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မီးသတ် ဦးစီးဌာနသို့ ယနေ့မွန်းလွဲ ၂ နာရီခန့်က ရွာတော်ကျေးရွာတွင် မီးလောင်နေကြောင်း ဖုန်းသတင်းရသဖြင့် ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇင်ထွန်း ဒုတိယမီးသတ်ဦးစီးမှူးဦးရဲညွန့် နှင့်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့်မီးလောင်မှု ဖြစ်ပွားသည့် ရွာတော်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရွာသူ၊ ရွာသားများနှင့်အတူ မီးလောင်နေသည့် နွားစာတိုက်နှင့်တွဲဆောက်ထားသည့် ကျီတဲကို ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြကြောင်း၊ မီးလောင်မှုကြောင့် (၂၄×၁၄) ပေထန်းရွက်မိုးတစ်ခန်း၊ ထရံကာမြေ စိုက်ကျီတဲတစ်လုံး မီးလောင်ခဲ့ပြီး အခြားလူနှင့် တိရစ္ဆာန်များဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျီတဲပိုင်ရှင် ဦးမောင်ကို ကို မြို့မ ရဲစခန်းက (ပ)၂၇၄/၂ဝ၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger