နေပြည်တော် ၁၅-၃-၂ဝ၁၈
ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော စေတီပုထိုးများ အနက်ပြုပြင်ပြီး စေတီ၂၉၆ဆူ၊ ပြုပြင်ဆဲစေတီ ၃၂ ဆူရှိနေသဖြင့် ဆက်လက်ဆောင်ရွက်ရန် စေတီ ၆၁ ဆူသာကျန်ရှိနေ၍ ရှေးမူလက်ရာ မပျက် သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ၂ဝ၁၆ခုနှစ်သြဂုတ် ၂၄ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်းစေတီ ပုထိုးများနှင့် သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ငလျင်
ဒဏ်ကြောင့် ရှေးဟောင်းစေတီပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးမှုရှိခဲ့ရာ အဆိုပါ ငလျင်ဒဏ်သင့်ရှေးဟောင်း စေတီပုထိုးများကို ရှေးမူလက်ရာမပျက် ပြန်လည်ပြင်ဆင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံ များနှင့် စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ညှိနှိုင်းကာ ကနဦးဆောင်ရွက်ရန် လုပ်ငန်းစဉ် (၇) ရပ်ချမှတ် ဆောင်ရွက်ခဲ့သည်။
ထို့နောက်ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို UNESCO မှ ပညာရှင်များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဖွဲ့စည်းထားသည့်ကော်မတီ၊ ဆပ်ကော်မတီများ၏ ဆွေးနွေးညှိနှိုင်း ချက်များနှင့်အညီ နိုင်ငံတကာစံချိန်၊ စံညွှန်းနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#Yadanarpondaily
No comments:
Post a Comment