မကွေး ၁၅-၃-၂ဝ၁၈
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းကျေးရွာ အုပ်စုစိုင်ကျကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စု စိုင်ကျကျေးရွာနေ ဦးကြည်အောင် (ဘ) ဦးမန်းဦး၏ နေအိမ်တွင် မီးဖိုမီးဖြင့် ရေနွေးအိုးတည်ရာမှ ထရံသို့ ကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ရုံးမှဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ မိချောင်းရဲနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးကျော်မျိုးလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် HNE Water Mist တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ် နှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ရာ ကျေးရွာသူ၊ ကျေးရွာသားများက အနီးရှိရေကန်များမှ ရေများဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ မိနစ်၃ဝတွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ငါးလုံး၊ နွားတင်းကုပ် နှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ငွေကျပ် ၅၁၇ဝဝဝဝခန့် ပျက်စီးဆုံးရှုံးခဲ့ကာ မီးဘေးသင့်ပြည်သူ ၂၃ဦးရှိခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ကြည်အောင်ကို မိချောင်းရဲနယ်မြေရဲစခန်းက (ပ)၁ဝ/၂ဝ၁၈၊ ပုဒ်မ-၂၈၅ဖြင့် အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#Yadanarpondaily
No comments:
Post a Comment