www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 22, 2018

လာမည့် ပညာသင်နှစ်မှစ၍ ရန်ကုန်မြို့ရှိ ကျောင်းလေးကျောင်း၌ School Bus များ စတင်ပြေးဆွဲရန်စီစဉ်



ရန်ကုန် ၂၂-၁-၂ဝ၁၈

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှ စတင်ကာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း လေးကျောင်းတွင် School Bus များ ပြေးဆွဲရန် စီစဉ်ထားကြောင်း Royal Golden Hand Co;Ltd. တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''လောလောဆယ်တော့ Downtown ဧရိယာထဲမှာရှိတဲ့ ကျောင်းလေးကျောင်းမှာ အရင်ဆုံး စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ညှိနှိုင်းမှု တွေလုပ်နေပါတယ်။ ဘယ်ကျောင်းတွေမှာ ပြေးဆွဲမလဲ ဆိုတာကတော့ အခုချိန်က ဆွေးနွေးနေတဲ့ အနေအထားဖြစ်လို့ မပြောနိုင်သေးပါဘူး'' ဟု ၎င်းကပြောသည်။

''မိဘတွေကိုယ်တိုင် ကျောင်းကို လိုက်ပို့သလိုမျိုး လုံခြုံစိတ်ချမှု အပြည့်နဲ့ ကျောင်းကားစနစ်ကို ဇွန် ၁ ရက်မှာ အကောင်အထည် ဖော်သွားမှာပါ'' ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ထိုကျောင်းကား စနစ်တွင် Safety Seat၊ Safety Belt၊ First Aid၊ မီးသတ်ဆေးဘူးများ ထားကာလုံခြုံစိတ်ချရမှု အပိုင်းများပါဝင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မယ်များလည်း ထားရှိထားကြောင်း၊ ယာဉ်အတွင်းပိုင်းတွင် လုံခြုံရေး ကင်မရာများနှင့် GPS များတပ်ဆင်ကာ Control စင်တာမှ စောင့်ကြည့်၍ ယာဉ်မောင်း၏ အပြုအမူ၊ ကျောင်းကားတည်ရှိရာ နေရာ၊ ရောက်ရှိမည့်အချိန်တို့ကို ထိန်းချုပ်ခြင်း၊ ယာဉ်မောင်းများနှင့် ယာဉ်မယ်များကို Control စင်တာမှ လိုအပ်ပါက တိုက်ရိုက်ညွှန်ကြား ခြင်းတို့လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ မိုဘိုင်းလ်ဖုန်း Application များမှတစ်ဆင့် ကျောင်းကားရောက်ရှိရာနေရာ၊ ကျောင်းကားအတွင်း လုံခြုံမှု၊ ကျောင်းကားသွားရာ လမ်းကြောင်း၊ ပြန်လည်ရောက်ရှိလာမည့် အချိန်တို့ကို တိကျစွာသိရှိနိုင်မည့် စနစ်များလည်း ပါဝင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger