www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 22, 2018

အသုံးချ ငါး ပုစွန်မွေးမြူရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပ



ရန်ကုန် ၂၂-၁-၂ဝ၁၈

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သုံးလကြာ ဖွင့်လှစ်ခဲ့သော အသုံးချငါး၊ပုစွန်မွေးမြူရေး သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး သီရိအဏ္ဏဝါ ခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံမှ ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းများကို ကောင်းစွာလုပ်ဆောင် နိုင်သော ဝန်ထမ်းများထွက်ပေါ် လာစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဌေးမြင့်၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် ဦးဌေးမြင့်တို့က အမှာစကား ပြောကြားပြီး ထူးချွန်သင်တန်းသား၊ သင်တန်းသူများကို တစ်ဦးချင်းစီအလိုက် ဆုများချီးမြှင့်ခဲ့ သည့်အပြင် သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအလိုက် သင်တန်းဆင်း အောင်လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့သည်။

''ဒီသင်တန်းကဆင်းတဲ့ သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့ တချို့က သင်တန်းဆင်းပြီး သိပ်မကြာခင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ငါး၊ ပုစွန်ကန်တွေမှာ ဝင်ရောက်လုပ်ကိုင်မှာပါ။ တချို့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က နောက်ထပ် လုပ်မယ့်လုပ်ငန်းစဉ်တွေမှာ ဝင်ရောက်လုပ်ကိုင်မှာပါ'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၇၁ ဦးအနက် ဘွဲ့ရပြီးသူများကို နည်းပြ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများကို ကြီးကြပ်နှင့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သူများကို ကျွမ်းကျင်ဟူ၍ အမျိုးအစားများ ခွဲခြားကာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger