www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 9, 2018

မန္တလေး အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေး ဖြတ်ထားသူများ ပြန်လည်ထူထောင်ရေး စခန်းဖွင့်လှစ်



မန္တလေး ၉-၁-၂ဝ၁၈

မူးယစ်ဆေး ဖြတ်ထားသူများ ပြန်လည်ထူထောင်ရေး စခန်းတစ်ခုကို မန္တလေး အောင်မြေသာစံ မြို့နယ်အတွင်းတွင် ဖွင့်လှစ်လိုက်ကြောင်း မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေး စခန်းမှ မန်နေဂျာ ဦးဇော်ထိုက်လင်း ထံမှသိရသည်။

ယနေ့နံနက်ပိုင်းတွင် မန္တလေး အောင်မြေသာစံမြို့နယ် မြောက်ပြင် ၇၃ လမ်း၊ ၁ဝလမ်းနှင့် ၁၂လမ်းကြား လူမှုဝန်ထမ်းဦးစီးဌာန ပြန်လည်ထူထောင်ရေး စခန်းတွင် မူးယစ်ဆေးဝါး ဖြတ်ထားသူများ ပြန်လည် ထူထောင်ရေး စခန်းတစ်ခု ဖွင့်လှစ်ကာ သင်တန်းများသင်ကြားမှု စတင်ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဦးဇော်ထိုက်လင်းက ပြောပြသည်။

မူးယစ်ဆေး ဖြတ်ထားသူများ ပြန်လည်ထူထောင်ရေး စခန်းတွင် သင်တန်းသင်ကြားမှုကို ရက်ပေါင်း ၃၅ ရက်ကြာ သင်တန်းသား ဦးရေ၂ဝကို ကွန်ပျူတာနှင့် ပုံနှိပ်ရိုက်ခြင်းလုပ်ငန်းများကို သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေး ဖြတ်ထားသူများ တက်ရောက်နိုင်မည့် ပြန်လည်ထူထောင်ရေးစခန်း၌ နေ့စဉ်နံနက် ၆ နာရီတွင် ကိုယ်ကာယ လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း၊ နံနက် ၇နာရီ မိနစ် ၃ဝတွင် နံနက်စာ စားသုံးခြင်း၊ နံနက် ၈နာရီမိနစ်၃ဝတွင် ကိုယ်လက်သန့်စင်ခြင်း သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ နံနက် ၉နာရီမှ စတင်ကာသင်တန်း သင်ခန်းစာများကို စတင်သင်ကြားပြီး မွန်းတည့် ၁၂ နာရီတွင် ထမင်းစားနားကာ မွန်းလွဲ ၁ နာရီတွင် ညနေပိုင်း သင်ခန်းစာများ ဆက်လက်သင်ကြားပေး၍ ညပိုင်းတွင် ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း စသည်တို့ထိ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ပြန်လည်ထူထောင်ရေး သင်တန်းသို့ ကျိုင်းတုံ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် ဒေသများမှ မူးယစ်ဆေးဝါး ဖြတ်ထားသူများ လာရောက်တက်ရောက် သင်ကြားလျက်ရှိပြီး ဧပြီလ သင်္ကြန်ပြီးချိန်တွင် ဒုတိယမြောက်သင်တန်းကို ဆက်လက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger