www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 19, 2017

YBS ခရီးသည်တင် ယာဉ်လိုင်းများ၏ ယာဉ်စီးခများကို ပုံသေယာဉ်စီးခစနစ်မှ ခရီးအကွာအဝေးအလိုက် ယာဉ်စီးခပေးဆောင်ရသည့် စနစ်သို့ ပြောင်းလဲဆောင်ရွက်မည်



ရန်ကုန် ၁၉-၁၂-၂၀၁၇

ရန်ကုန်မြို့၏ YBS ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ၏ ယာဉ်စီးခများကို လက်ရှိပုံသေယာဉ်စီးခစနစ်မှ ခရီးအကွာအဝေး အလိုက်ယာဉ်စီးခ ပေးဆောင်ရသည့်စနစ်ကို ၂ဝ၁၈ခုနှစ်တွင် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏သတင်းများအရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၏ YBS ခရီးသည်တင်မော်တော်ယာဉ် လိုင်းများတွင် ဆင်ခြေဖုံးမြို့နယ် ဒေသများနှင့် ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများ၏ ယာဉ်စီးခများကို ပုံသေငွေကျပ် ၂ဝဝစနစ်ဖြင့် ကောက်ခံကာ မြို့တွင်း ပတ်ယာဉ်စီးခများမှာ ပုံသေငွေကျပ် ၁ဝဝစနစ်ဖြင့် ကောက်ခံလျက်ရှိသည်။

အဆိုပါ ပုံသေကောက်ခံနေသည့်စနစ်မှ ၂ဝ၁၈ခုနှစ်တွင် စီးနင်းသည့် ခရီးအကွာအဝေးအလိုက် ယာဉ်စီးခကောက်ခံသည့် စနစ်ကို ပြောင်းလဲကောက်ခံရန် စီမံဆောင်ရွက်လျက်ရှိရာ ခရီးသည်များအနေဖြင့် မိမိတို့စီးနင်းသည့် ခရီးစဉ်အကွာအဝေးအလိုက် ယာဉ်စီးခပေးဆောင်ကာ အဆင်ပြေစွာစီးနင်း သွားလာနိုင်ကြမည် ဖြစ်သည်။

ထို့ပြင် YBS  မော်တော်ယာဉ်လိုင်းများကို ခရီးအကွာအဝေးအလိုက် ငွေကောက်ခံမည့်စနစ် ဆောင်ရွက်ပြီးပါက ယာဉ်စီးခပေးသည့် ငွေပေးစနစ်ကို ကတ်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်သည်။ ထိုသို့ကတ်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက် ခြင်းအားဖြင့် မော်တော်ယာဉ် စီးနင်းခငွေများမှာ ဘဏ်ထဲကိုတိုက်ရိုက် ဝင်မည်ဖြစ်ပြီး ဘဏ်မှတစ်ဆင့် သက်ဆိုင်ရာ ကုမ္ပဏီများသို့ ပြန်သွင်း ပေးသွားမည် ဖြစ်သည်။ ထို့ကြောင့် မော်တော်ယာဉ်များအနေဖြင့် ခရီးသည် အလုအယက် တင်ဆောင်ခြင်း၊ အပြိုင်မောင်းနှင်ခြင်းများ ပပျောက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger