www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 21, 2017

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲ ၇၃ တွဲ ထပ်မံရောင်းချနိုင်ခဲ့



နေပြည်တော် ၂၁-၁၂-၂၀၁၇

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်မျက်ရတနာ ပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယနေ့တွင် ကျောက်စိမ်းအတွဲ ၈၇၃ တွဲကို ရတနာကုန်သည်များထံ ထပ်မံရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျောက်စိမ်းအတွဲ ၁၁၅ဝကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့်ပြသ ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၈၇၃ တွဲကို စုစုပေါင်းတန်ဖိုး ယူရိုငွေ ၁၅၈ ဒသမ ၉၄၂ သန်းခန့်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ပြပွဲနဝမနေ့သို့ ပြည်တွင်း၊ပြည်ပ ရတနာကုန်သည် စုစုပေါင်း ၄၄၂၉ဦးကျော် တက်ရောက်ခဲ့ကြပြီး ကျောက်မျက်၊ ကျောက်စိမ်းတန်ဖိုးမြင့် အချောထည်များနှင့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်ကြည့်ရှု လေ့လာဝယ်ယူ ကြသည်။

၂ဝ၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ယနေ့အထိ ကျောက်မျက်အတွဲ ၃၂တွဲကို တန်ဖိုးငွေ ယူရိုသုည ဒသမ ၇၆၇သန်း ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၄၃၉၃တွဲကို တန်ဖိုးငွေယူရို ၃၆၂ ဒသမ ၄၉၁သန်းဖြင့် လည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။

၂ဝ၁၇ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို ဒီဇင်ဘာ ၂၁ရက်တွင် ကျောက်စိမ်း အတွဲအမှတ် ၅၇၅၁မှ ၆၆၈၅ထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger