www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 21, 2017

မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်အား လာမည့်နှစ်တွင် ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရအောင် အကောင်အထည်ဖော်သွားမည်



မန္တလေး ၂၁-၁၂-၂၀၁၇

မြန်မာ့ရိုးရာလမ်းလျှောက် သင်္ကြန်တွင် ယခင်နှစ်ကအောင်မြင်မှု ရာခိုင်နှုန်း ၆ဝ ကျော် သာရှိခဲ့သော်လည်း လာမည့်နှစ်တွင်ရာနှုန်း ပြည့်နီးပါးထိ အောင်မြင်မှုရအောင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောပြသည်။

မန္တလေးမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ကျုံးပတ်ပတ်လည်တွင် မဏ္ဍုပ်များထိုးကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို ဆင်နွှဲခဲ့ကြသော်လည်း ယခင် ၂ဝ၁၇ ခုနှစ်မှစ၍ မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီစေမည့် လမ်းလျှောက်သင်္ကြန်ကို စတင်ဖန်တီးကာ ကျင်းပခဲ့ကြောင်း၊ ကျုံးတောင်ဘက်ခြမ်းတွင် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် ပစ္စည်းများကို ဖန်တီးပုံဖော်မှုများ ပြုလုပ်ခဲ့ကြရာ ပြည်သူလူထု စိတ်ဝင်စားမှုကို အသင့်အတင့် အောင်မြင်မှုရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ပျှမ်းမျှ ၆ဝ ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ လာမည့် ၂ဝ၁၈ ခုနှစ်ဧပြီလတွင် ကျရောက်မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကြီး၌လည်း ယခင်နှစ်ကအတိုင်း လမ်းလျှောက်သင်္ကြန်အဖြစ်သာ ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည့်အပြင် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်ပါ အဓိကထားဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့် ၂ဝ၁၈ ခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလတွင် ယခင်နှစ်က လမ်းလျှောက် သင်္ကြန်တွင် မပါဝင်ခဲ့သည့် Night Market ညဈေးပုံစံ မျိုးကိုလာမည့် နှစ်တွင် ထူးခြားသည့်အစီအစဉ် တစ်ရပ်အနေဖြင့် ထည့်သွင်းပေးသွားရန် စီစဉ်ထားကြောင်း၊ ယခုလက်ရှိ ဒီဇင်ဘာ ၁၉ ရက်ကလည်းလာမည့် သင်္ကြန်ပွဲတော်စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ယုဇနအစည်းအဝေးခန်းမတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger