www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 18, 2017

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေမည့် ချင်းတွင်းမြစ်ကူး တံတား(ဟုမ္မလင်း) တံတားသံပေါင်များ စတင်တပ်ဆင်နေ



ဟုမ္မလင်း ၁၈-၉-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ကာ ဒေသကုန်စည် စီးဆင်းမှု၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည့် ချင်းတွင်း မြစ်ကူးတံတား (ဟုမ္မလင်း) ကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တမူး-အောင်ဇေယျကက်သာ-ဟုမ္မလင်းလမ်းပေါ်တွင် ချင်းတွင်းမြစ်ကိုဖြတ်ကူး၍ ဆောက်လုပ်လျက်ရှိရာ လက်ရှိအချိန်တွင် တံတားသံပေါင်များ စတင်တပ်ဆင် နေပြီဖြစ်ကြောင်း တံတားအထူးအဖွဲ့(၂)ထံမှ သိရသည်။

ချင်းတွင်းတံတား (ဟုမ္မလင်း) ကို ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကက်သာကျေးရွာတို့ကို ချိတ်ဆက်ပြီး ဆောက်လုပ်လျက်ရှိရာ တံတားအမျိုးအစားမှာ အုတ်မြစ်အနေဖြင့်သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်ဖြစ်ပြီး ကိုယ်ထည်အနေဖြင့် သံကူကွန်ကရစ် ကမ်းကပ်ခုံနှင့် ကိုယ်ထည်ဖြစ်ကာ တံတားအပေါ်ထည်မှာ ပင်မတံတား သံမဏိသံပေါင် အမျိုးအစားဖြစ်သည်။ ချဉ်းကပ်တံတား R.C Girder နှင့် သံကူကွန်ကရစ်ကြမ်းခင်း၊ လက်ရန်း အမျိုးအစားဖြစ်သည်။တံတားခန်း ဖွင့်အကျယ်အနေဖြင့် မီတာ ၂ဝ ၁၂ခန်း၊ မီတာ ၁၂ဝ လေးခန်းနှင့် မီတာ ၆ဝ နှစ်ခန်း စုစုပေါင်း ၁၈ ခန်းပါရှိမည်ဖြစ်သည်။ တံတား၏ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ပြီး တံတားကင်းလွတ်အမြင့်မှာ ၁၂ မီတာနှင့် တံတားကင်းလွတ် အကျယ် ၁ဝ၅ မီတာတို့ အသီးသီးပါရှိမည် ဖြစ်ကာ တံတားအရှည်မှာ ၈၄၂ မီတာ (၂၇၆၂ဒသမ၆) ပေနှင့် တံတားအကျယ် ၁ဝဒသမ၂ မီတာ (၃၃ဒသမ၅)ပေရှိမည်ဖြစ်ပြီး ယာဉ်သွားလမ်း အကျယ်မှာ ၈ ဒသမ ၅ မီတာ (၂၈ပေ) နှစ်လမ်းသွား၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေတို့ အသီးသီးပါရှိမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger