www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 7, 2017

ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲတွင် စိုးလင်းဦးနှင့် ဆာလာဒိုက်တို့ သရေရလဒ်ထွက်ပေါ်



ရန်ကုန် ၇-၈-၂၀၁၇

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူး၍ VICTORY MYANMAR GROUP ကုမ္ပဏီမှ အဓိကပံ့ပိုးပြီး T & T GROUP မှ စီစဉ်ကျင်းပသော Mandalay Rumbling Classic Fight ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသည်။

ယင်းပြိုင်ပွဲတွင် လေးချီစိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ချစ်မောင်မောင် (တောင်ကလေး) နှင့် ချစ်ဦး (ခ) စောမင်းခိုင် (ရွှေသောင်ရင်း)၊ လက်သီးမိုး (T&T သထုံ) နှင့် စောဖိုးထွန်း (သတ္တိ) တို့ပွဲစဉ်များမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

ငါးချီစိန်ခေါ်ပွဲများအဖြစ် ယှဉ်ပြိုင် ထိုးသတ်ခဲ့သော ပွဲစဉ်များတွင် ဟိန်းထွန်းအောင် (T&T) နှင့် ကျော်စွာဝင်း (ယူနိုက်တက်)၊ ဇာမဏီသွေး (ဧရာသား) နှင့် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)၊ ဇွဲရွှေကို (T&T သထုံ) နှင့် ဆလိုင်းချမ်းမြေ့ကို (ထွန်းသွင်)၊ စောအယ်လေး (Adventure) နှင့် စိန်မျိုးအောင် (မန္တလေး) တို့ပွဲစဉ်များမှာလည်း သရေရလဒ်များသာ ထွက်ပေါ်ခဲ့သည်။

ရွှေကျောင်းသား (T&T သထုံ)နှင့် သက်ပိုင်အောင်(တောင်ကလေး) တို့ပွဲစဉ်တွင် သက်ပိုင်အောင်က တတိယအချီ၌ လည်းကောင်း၊ ပိုက်ထွေး (T&T) နှင့် အောင်ပိုင် (နဂါးမာန်) တို့ပွဲစဉ်တွင် အောင်ပိုင်က ဒုတိယအချီတွင်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

နိုင်ငံတကာ စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော စိုးလင်းဦး (မြန်မာ)နှင့် ဆာလာဒိုက် (ပိုလန်) တို့ပွဲစဉ်မှာ မကြာသေးခင်အချိန် ကာလတွင် ကျင်းပခဲ့သော World Lethwei Championship 2 ပွဲစဉ်တွင် အဆိုပါအတွဲပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့စဉ်က စိုးလင်းဦးက ဆာလာဒိုက်ကို အမှတ်ဖြင့် ရှုံးနိမ့်ထားခြင်းကြောင့် စိုးလင်းဦးက ယခုတစ်ကြိမ်တွင် အနိုင်ရရှိရန်အတွက် မကျေပွဲအဖြစ် ပွဲစတင်သည် နှင့်တိုက်စစ်ဖွင့်ပြီး ဆာလာဒိုက်ကို ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

တတိယအချီမှစပြီး နောက်ဆုံးအချိန်ထိ ဆာလာဒိုက်က တန်ပြန်တိုက်စစ်ဖြင့် စိုးလင်းဦးကို ယှဉ်ပြိုင်ထိုးသတ် ခဲ့သော်လည်း ကွဲပြဲဒဏ်ရာများစွာ ရရှိခဲ့ကာ ပွဲချိန်ပြီးဆုံးသည်အထိ အရှုံးအနိုင်မပေါ်ခဲ့သဖြင့် ပူးတွဲသရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။

အဆိုပါပွဲတွင် လေးချီစိန်ခေါ်ပွဲ နှစ်ပွဲနှင့် ငါးချီစိန်ခေါ်ပွဲခုနစ်ပွဲ ပါဝင်ယှဉ်ပြိုင်ထိုးသတ် ခဲ့သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger