နေပြည်တော် ၁၇-၇-၂၀၁၇
စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်ရန် ပိုးသတ်ဆေးနှင့် အဆိပ်ရှိ ပစ္စည်းတင်သွင်းမှုများ တိုးတက်များပြားလာ၍ အသိပညာပေး ဟောပြောမှုများကို တိုးမြှင့်ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်း၏ သတင်းများအရ သိရသည်။
ယခုအခါ ပြည်ပမှ စိုက်ပျိုးရေး လုပ်ငန်းသုံး ဆေးဝါးနှင့် အဆိပ်ရှိ ပစ္စည်းတင်သွင်းမှုမှာ ယခင်ကထက် ဆယ်ဆခန့်ထိ ပိုမိုတိုးတက် တင်သွင်းလာသည်။ ထို့ကြောင့် လက်ရှိတွင် ကုန်သွယ်မှုခွင့်ပြု ထားသည့် စိုက်ပျိုးရေး လုပ်ငန်းသုံးဆေးဝါး ၃၃ဝ၄မျိုးနှင့် အဆိပ်ရှိ ပစ္စည်း ၃ဝ၉ မျိုးရှိနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့၏သတင်းများအရ သိရသည်။
ပိုးသတ်ဆေးမှတ်ပုံတင် အစည်းအဝေးကို ခြောက်လတစ်ကြိမ် ပြုလုပ်ကာ ခွင့်ပြုပိုးသတ်ဆေးစာရင်း၊ တားမြစ်ပိုးသတ်ဆေး စာရင်းနှင့် ယာယီရပ်ဆိုင်း ထားသည့် ပိုးသတ်ဆေး စာရင်းများကို ထုတ်ပြန်ပေး လျက်ရှိသည်။ ထို့ပြင် နယ်စပ်ဂိတ်များမှ တရားမဝင် တင်သွင်းနေသည့် ပိုးသတ်ဆေး များကိုလည်း စစ်ဆေးကာ အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
ကုန်သွယ်မှု ခွင့်ပြုထားသည့် ပိုးသတ်ဆေးအများ စုကိုတရုတ်၊ထိုင်း၊ ဗီယက်နမ်၊ အမေရိကန်၊ ဂျာမနီနှင့် အိန္ဒိယနိုင်ငံတို့မှ တင်သွင်းနေခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှ အများဆုံးတင်သွင်း နေကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment