www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 21, 2017

စားသုံးနေသည့် အစားအသောက်များတွင် ဓာတုဆိုးဆေးများ ကင်းစင်ပပျောက်စေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန်လိုအပ်



မန္တလေး ၊ ၂၁-၂-၂၀၁၇

ပြည်သူများ စားသုံးနေသည့် အစားအသောက် များတွင် ဓာတုဆိုးဆေးများ ကင်းစင်ပပျောက် စေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

''ကျွန်တော်တို့ဌာန၊ ပြည်သူတွေနဲ့ ဈေးရောင်းချသူတွေ ပူးပေါင်းဆောင်ရွက် မယ်ဆိုရင် အခု အစားအသောက် ထဲမှာပါနေတဲ့ ခွင့်မပြု ဓာတုဆိုးဆေး တွေ ကင်းစင် ပပျောက်အောင် ဆောင်ရွက်တဲ့ အခါမှာ လွယ်ကူမှာပါ။ 

ဘာကြောင့်လဲ ဆိုတော့ ဈေးရောင်းချသူ တွေကလဲ ဝယ်ယူစားသုံး သူတွေကို ဆိုးဆေးပါတဲ့ အစားအစာတွေ ဝယ်ယူရင် စားသုံးဖို့ မသင့်တဲ့အရာ တွေကို ပညာပေး ပြောသင့်ပါတယ်။ ဒါမှလဲ ဝယ်ယူစားသုံးသူ တွေက ဆိုးဆေးပါတဲ့ အစားအစာတွေကို မစားသုံးသင့်ဘူး ဆိုတာ သိရှိနားလည် သွားမှာပါ။ ဆိုးဆေးပါတဲ့ အစားအသောက် တွေဟာ လတ်တလောမှာ အဆိပ်အတောက် မဖြစ်နိုင်ပေမယ့် ရေရှည်မှာ ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေ ပါတယ်။ အသည်းနဲ့ ကျောက်ကပ်တွေ ပျက်စီးပြီး ကင်ဆာရောဂါတွေလဲ ဖြစ်ပွားပါတယ်။ အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းတာ၊ ပျို့တာ၊ အန်တာ၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းတာ စတဲ့ ဆိုးကျိုးတွေကိုလဲ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ပြည်သူတွေပူးပေါင်း ပါဝင်ဖို့ လိုအပ်ပါတယ်'' ဟု ၄င်းက ပြောပြသည်။

အဆိုပါ ဓာတုဆိုးဆေး များသည် အမြင်အားဖြင့် ပသာဒဖြစ်စေသည်မှ လွဲ၍ မည်သည့် အာဟာရမျှ ပါဝင်ခြင်း မရှိကြောင်း၊ စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သည့် ဆိုးကျိုးများသာ ရှိ၍ ဆိုးဆေးပါသည့် အစားအသောက် သည် နဂိုရှိသင့်သည့် အရောင်ထက် ပိုမိုတောက်ပပြီး စားချင်သဖွယ် ဖြစ်နေတတ်ကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger