www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 18, 2017

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဖရဲ သခွားမွှေး တန်ချိန် ခုနှစ်သိန်ကျော် အထိ တင်ပို့နိုင်၇န်မျှော်မှန်း

ရန်ကုန် (၁၈-၂-၂၀၁၇)
ယခုနှစ် အတွင်း တရုတ်နိုင်ငံ သို့ ဖရဲ၊ သခွားမွှေး တန်ချိန် ခုနစ်သိန်း ကျော်အထိ တင်ပို့နိုင်ရန် မျှော်မှန်းထား ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအစုအဖွဲ့မှ သိရသည်။

ပြည်တွင်း၌ အောက်တိုဘာလ မှ မေလ အထိ ဖရဲ၊ သခွားမွှေး ထွက်ရှိရာ ယင်းကာလအတွင်း တရုတ်နိုင်ငံသို့ တန်ချိန်အားဖြင့် ခုနစ်သိန်းကျော် ကားအစီးရေ လေးသောင်းခန့်ဖြင့် တင်ပို့နိုင်ရန် မျှော်မှန်း ထားခြင်းဖြစ်သည်။

''ပြီးခဲ့တဲ့နှစ်က ဖရဲက တန်ချိန် ၅၇ဝဝဝဝ၊ သခွားမွှေးက တန်ချိန် တစ်သိန်းလောက် တင်ပို့ခဲ့တယ်။ ဒီနှစ်ကတော့ တန်ချိန် ခုနစ်သိန်းကျော် တင်ပို့ဖို့မျှော်မှန်းထားတယ်'' ဟု မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအစု အဖွဲ့မှ ဥက္ကဋ္ဌ ဦးနိုင်ဝင်း ကပြောသည်။

လတ်တလောတွင် မူဆယ်နယ်စပ်ကုန် စည်ဒိုင်သို့ နေ့စဉ် ဖရဲတန်ချိန် ၃၄ဝဝ ကားအစီးရေ ၂ဝဝ ခန့်နှင့် သခွားမွှေး တန်ချိန် ၅၁ဝ ကားအစီးရေ ၃ဝ ဖြင့် တင်ပို့နေပြီး တရုတ်နိုင်ငံ သို့တင်ပို့နေ သည့်ဖရဲ၊ သခွားမွှေး ဈေးကွက်မှာ ဖေဖော်ဝါရီ လဆန်းပိုင်းက ဈေးနှုန်းအေး နေခဲ့ရာမှ ယခုရက်ပိုင်းတွင် ဈေးနှုန်းပြန်လည်မြင့် တက်လာပြီဖြစ်သည်။

''ဒီလပိုင်း ဖရဲကားက အဝင်များပေမယ့် သခွားမွှေးက အဝင်နည်းသေးတယ်။ မတ်လ လောက်ဆိုရင် ဒီထက်များများ တင်ပို့နိုင်မှာပါ။ ပြီးခဲ့တဲ့ ၁ဝ ရက်လောက်က ဈေးအေးသွားပြီး ဒီနေ့ကစ ဈေးပြန် တက်လာတယ်''ဟု ဦးနိုင်ဝင်း ကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဝက်မှ ဇန်နဝါရီ လကုန်အထိ ဈေးနှုန်းမြင့် တက်ခဲ့ရာမှ ဖေဖော်ဝါရီ လဆန်းတွင် ဈေးနှုန်းပြန်လည် ကျဆင်းခဲ့ပြီး ယနေ့တွင် ဖရဲတစ်တန်လျှင် ယွမ် ၃၂ဝဝ နှင့် သခွားမွှေး တစ်တန်လျှင် ယွမ် ၇ဝဝဝ အထိ ပြန်လည်မြင့် တက်လာကြောင်း သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ (၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger