နေပြည်တော် ၊ ၁၁-၂-၂၀၁၆
မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့ရှိ မီးဘေးသင့် ပြည်သူများအတွက် အိမ်ဆောက် ပစ္စည်းများကို သက်သာသော နှုန်းဖြင့် ရောင်းချပေးရန် သွပ်၊ ဘိလပ်မြေ၊ အိမ်ရိုက်သံ၊ သွပ်ဆူးကြိုး၊ သွပ်နန်းကြိုး၊ မီးကြိုးနှင့် ရေသန့်၊ အချိုရည်စသည့် ပစ္စည်းများအား မော်တော်ယာဉ် ကိုးစီးဖြင့် ပို့ဆောင်ခဲ့ရာ ယမန်နေ့ ညနေပိုင်းတွင် လပွတ္တာမြို့၊ နေသူရိန် အားကစား ကွင်းသို့ ရောက်ရှိခဲ့သည်။ ယင်းပစ္စည်း များကို နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသခံပြည်သူ များက မော်တော်ယာဉ်များ ပေါ်မှ ပစ္စည်းများ ထားရှိမည့် နေရာသို့ ကူညီသယ်ယူ ပေးခဲ့ပြီး မီးဘေးသင့် ပြည်သူများ ထံသို့ ဈေးနှုန်းချိုသာစွာ ရောင်းချ ပေးသွား မည် ဖြစ်ေ ကြာင်း သိရှိရသည်။ (၁ဝဝ)
မြ၀တီနေ့စဉ် ၊ စာ(၁၅)






No comments:
Post a Comment