www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 21, 2015

ယခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်



ပြင်ဦးလွင် ၊ ၂၁-၈-၂ဝ၁၅

ယခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲကို လာမည့် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက် အထိ ကျင်းပမည် ဖြစ်ပြီး လာရောက် ကြည့်ရှုသူ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအား မိုးလုံလေလုံ ကြည့်ရှုနိုင်ရန် အဆောက်အအုံ များ ဆောက်လုပ် သွားမည် ဖြစ်ကာ ပြည်တွင်းမှ ပြည်သူများ ကြည့်ရှုနိုင်ရန် နေရာများလည်း တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မီးပုံးပျံပွဲ အတွက် တင်ဒါ ခေါ်ဆိုမှုကို လာမည့်ရက်ပိုင်း အတွင်း ပြုလုပ်သွားမည် ဖြစ်ပြီး ယခင်နှစ်က ပွဲတော် တစ်ခုလုံး၏ လေလံကြေးကို ကျပ်သိန်း ၇၅ဝ သတ်မှတ်ခဲ့ကာ ယခုနှစ်တွင် ကုန်ကျစရိတ် မြင့်တက်မှု ကြောင့် လေလံကြေးကို ခန့်မှန်းဈေးနှုန်း အနေဖြင့် ကျပ်သိန်း ၈ဝဝ သတ်မှတ် ထားရှိကြောင်း တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ မှ သိရသည်။

ထို့အပြင် ယာဉ်ရပ်နား ခများ ကောက်ခံရာတွင် သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမို ကောက်ခံမှုများ တွေ့ရှိပါက အမည်ပျက် စာရင်းသွင်းမည် ဖြစ်ပြီး ပွဲတော် ကျင်းပစဉ် ကာလ ဖြစ်ပါက ဒဏ်ငွေရိုက် ခြင်းများ ဆောင်ရွက်ရန် စည်းကမ်းချက် များလည်း ရေးဆွဲနေပြီ ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရသည်။

တန်ဆောင်မုန်း လပြည့်နေ့ မတိုင်မီ သုံးရက်မှ တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ အထိ နှစ်စဉ်ကျင်းပ လာခဲ့သော ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကို အနယ်နယ် အရပ်ရပ် မှ ပြည်သူ သိန်းချီကာ လာရောက် ကြည့်ရှုလေ့ရှိပြီး မီးပုံးပျံ စုစုပေါင်း အမျိုးအစား ငါးမျိုးဖြင့် နေ့ဘက်၊ ညဘက် ပြိုင်ပွဲများ ကျင်းပကာ ယခင်နှစ်က ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက် ၁ဝဝ ကျော်ရှိခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger