www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 11, 2015

လုပ်သက် သုံးနှစ်ရှိ ဆရာ ဆရာမ များသာ ထူးချွန်ဆရာဆုများ ရွေးချယ်ရန် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုမည်


ရန်ကုန် ၊ ၁၁-၈-၂၀၁၅

ယခုနှစ် အတွက် ထူးချွန် ဆရာများ ရွေးချယ်ရာတွင် ယခင်နှစ် များမှ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဟူ၍ မကန့်သတ် တော့ဘဲ ပညာရေးဌာန အမှုထမ်း သက်တမ်း သုံးနှစ်ထက် မနည်းရှိသူများ ပါဝင် ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

ထူးချွန်ဆရာဆု ရွေးချယ်ခြင်းကို မြို့နယ် အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တို့၌ ရေးဖြေ၊ နှုတ်ဖြေ အဖြစ် လက်တွေ့ သင်ကြားပြသမှု ဆန်းစစ် အကဲဖြတ်မှုများ ပါရှိမည်ဖြစ်ပြီး ကျောင်းအဆင့် ရေးဖြေ ဖြေဆိုခြင်းကို စက်တင်ဘာ ၁၃ ရက် နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် လူတွေ့ ဖြေဆိုခြင်းကို မွန်းလွဲ ၁ နာရီမှ စတင်၍ ဖြေဆိုရမည် ဖြစ်သည်။ မြို့နယ် အဆင့်ကို စက်တင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် လူတွေ့ ဖြေဆိုခြင်းကို မွန်းလွဲ ၁ နာရီတွင် ဖြေဆိုရမည် ဖြစ်သည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ရေးဖြေ ဖြေဆိုခြင်းကို နိုဝင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ နှင့် လူတွေ့ ဖြေဆိုခြင်းကို မွန်းလွဲ ၁ နာရီတွင် ဖြေရမည် ဖြစ်ပြီး ဗဟိုအဆင့် ရေးဖြေ ဖြေဆိုခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီ အထိဖြစ်ပြီး လူတွေ့ ဖြေဆိုခြင်းကို မွန်းလွဲ ၁ နာရီမှ စတင်ဖြေဆို ရမည် ဖြစ်ကြောင်း သိရသည်။

ထူးချွန်ဆရာ များကို ရွေးချယ်ချီးမြှင့် ရာတွင် ၂ဝ၁၄ ခုနှစ်မှ စတင်၍ ပြုလုပ်ခဲ့ပြီး ငါးနှစ် ရှေ့ပြေး စီမံကိန်းအဖြစ် တော်ဝင် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းမှ ပံ့ပိုးပြီး ပညာတန်ဆောင် နှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ ထူးချွန်ဆုများကို ဆုများအပြင် ငွေသားများ ကိုပါ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ ၊ ဆုလာဘ်

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger