www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 21, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်များ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများအား လမ်းလျှောက် လေ့လာနိုင်မည့် ခရီးစဉ် စတင်မည်



ရန်ကုန် ၊ ၂၁-၈-၂၀၁၅

နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံ များကို လေ့လာနိုင်ရန် လမ်းလျှောက် ခရီးစဉ်ကို စက်တင်ဘာလ တွင် စတင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (YHT) မှ ပြန်ကြားရေး တာဝန်ခံ မရွှေယင်းမာဦး ၏ ပြောကြားချက် အရ သိရသည်။

''ပြည်တွင်း ခရီးသွားတွေ အတွက် ခရီးစဉ် ဆောင်ရွက် ပေးတာပါ။ အခု ခရီးသွားရာသီ ပြန်စတော့မှာ ဆိုတော့ စက်တင်ဘာ ၂ ရက် မှာ နိုင်ငံခြားခရီးသွား ဧည့်သည်များ လမ်းလျှောက် ခရီးစဉ်လေးကို ပြန်စမှာပါ''
ဟု ၄င်းက ဆက်လက် ပြောသည်။ လက်ရှိတွင် ပြည်တွင်း ခရီးသွား ဧည့်သည် များအတွက်သာ လမ်းလျှောက် ခရီးစဉ်ကို လုပ်ဆောင် နေကြောင်း၊ အဆိုပါ လမ်းလျှောက် ခရီးစဉ်သည် မြို့ပြ အမွေအနှစ် အပြာရောင်
ကမ္ပည်း တပ်ဆင်ထားသည့် အဆောက်အအုံ များနှင့် ရန်ကုန်မြို့တွင်းရှိ တခြား ရှေးဟောင်း အဆောက်အအုံ များကိုပါ လိုက်ပါ ပို့ဆောင် ပေးသည့် ခရီးစဉ် ဖြစ်သည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ၏ လမ်းလျှောက် ခရီးစဉ်ကို ၂ဝ၁၄ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့ရာ ရက်သတ္တ တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် မြို့ပြ အမွေအနှစ် အဆောက်အအုံ များကို လေ့လာနိုင်သည့် ခရီးစဉ်ဖြစ်ကာ ခရီးစဉ် ဝန်ဆောင်ကြေး အဖြစ် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ဝ သတ်မှတ် ထားကြောင်း သိရသည်။ ရရှိလာသည့် ငွေကြေးများကို မြို့ပြ အဆောက်အအုံ ထိန်းသိမ်း ပြုပြင်မှုများတွင် ပြန်လည် သုံးစွဲလျက် ရှိကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (YHT) မှ ထိန်းသိမ်း စောင့်ရှောက်ရန် ရှေးဟောင်း အဆောက်အအုံ ပေါင်း ၁ဝဝ ကျော်အထိ ရှိနေပြီး အဆိုပါ အဆောက်အအုံများ အနက်မှ အဆောက်အအုံ ခုနစ်ခုကိုလည်း အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger