www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 13, 2015

MLC 2006 ကို ယခုနှစ်အတွင်း အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၃-၇-၂၀၁၅

မြန်မာ သင်္ဘောသားများ အပါအဝင် မြန်မာ့ရေကြောင်း လုပ်ငန်းများ အတွက် အရေးပါသည့် MLC 2006 ကို ယခုနှစ် မကုန်မီ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO နှင့် အပြီးသတ် လက်မှတ်ရေးထိုး နိုင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဥပဒေနှင့် နည်းပညာ စံများ ဌာနမှ သိရသည်။

ILO နှင့် လက်မှတ် ရေးထိုးပြီး ပါက ဖြစ်ပေါ် လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးကို အဖွဲ့အစည်း အားလုံးနှင့် ညှိနှိုင်းခဲ့ပြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် တာဝန်ယူ ဆောင်ရွက် ပေးနေကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ရေကြောင်း လောက တည်ငြိမ်စွာ လည်ပတ် နိုင်ရန် အခက်အခဲ အတားအဆီး များစွာ ရှိနေဆဲ ဖြစ်ပြီး MLC 2006 လက်မှတ်ရေးထိုး နိုင်ရန်လည်း တစ်ခု အပါအဝင် ဖြစ်နေကြောင်း မြန်မာ့ ပင်လယ်ရေ ကြောင်း အလုပ်သမားများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ MLC 2006 သည် ILO နှင့် လက်မှတ် ရေးထိုးပြီး ၁၂ လကြာလျှင် အသက်ဝင် လာမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာ သင်္ဘောသားများ အတွက် MLC 2006 လက်မှတ်ရေးထိုး နိုင်ရန် နှောင့်နှေး ကြန့်ကြာ နေခြင်း အပါအဝင် ရာထူးတိုး စာမေးပွဲအတွက် လုပ်သက် မှတ်တမ်း တင်ပြရာတွင် အခက်အခဲ ရှိနေခြင်း၊ သဘောင်္သား များ၏ နစ်နာမှု အတွက် မှန်ကန်သည့် ဖြေရှင်း ဆောင်ရွက် နိုင်သော အစီအမံ အားနည်းနေခြင်း၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့် ပတ်သက်၍ သင်္ဘောသားများ ကိုယ်တိုင် ပါဝင်ဆွေးနွေး နိုင်ခွင့် မရှိခြင်း စသည့် အခက်အခဲ များနှင့် ရင်ဆိုင် နေရဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အခက်အခဲ များနှင့် ရင်ဆိုင် နေရသော်လည်း ပြည်တွင်း၌ သဘောင်္သား လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၁၆ဝ ခန့်ရှိပြီး စာအုပ် တစ်သိန်းကျော် ထုတ်ပေး ထားကာ လုပ်ငန်းခွင် ဝင်ရောက်သူ ဦးရေ နှစ်သောင်း ဝန်းကျင်၊ လည်ပတ်မှု ခြောက်သောင်း ဝန်းကျင်နှင့် အလုပ်လက်မဲ့ လေးသောင်း ဝန်းကျင်ခန့် ရှိကြောင်း မြန်မာ့ပင်လယ် ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်၏ စာရင်းများ အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger