www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 14, 2015

ပိဋကတ်သုံးပုံ ကျောက်စာများ ပျက်စီးမှုတွင် လူကြောင့်ဖြစ်သော ပျက်စီးမှုက ပိုများနေ



မန္တလေး ၊ ၁၄-၇-၂၀၁၅

မန္တလေးမြို့ ကျောက်တော်ကြီး ဘုရားဝင်း အတွင်းရှိ မင်းတုန်းမင်း ကောင်းမှုတော် ကျောက်စာချပ် များကို ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိရာ ကျောက်စာများ ပျက်စီး ဆုံးရှုံးမှုတွင် လူတို့၏ အပြုအမူ ကြောင့် ပျက်စီး ဆုံးရှုံးမှုက အများဆုံး ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ ကျောက်စာ လေ့လာရေး ပညာရှင် များ၏ လေ့လာချက် များမှ သိရသည်။

မင်းတုန်းမင်း ၏ ကုသိုလ်တော် ဘုရား ပိဋကတ် သုံးပုံ ကျောက်စာ များရှိရာ ကျောက်စာတိုက် များအတွင်းသို့ လူများ ဝင်ရောက်ပြီး Correction Pen များ၊ ဆော့ပင်များ၊ မြေဖြူများ၊ မီးသွေးခဲ များဖြင့် အမှတ်တရ စာများ ရေးသားခြင်း၊ ဘုရားသို့ လာရောက် လည်ပတ်သူ များမှ အမှိုက်များ စွန့်ပစ်ခြင်း၊ ကျောက်စာများ သန့်ရှင်းရေး ပြုလုပ်မှုနှင့် ကျောက်စာတိုက် များကို ထုံးသင်္ကန်း ကပ်လှူရာတွင် ဖုံးအုပ်ထားခြင်း မရှိသဖြင့် ကျောက်စာများ ပေါ်သို့ ထုံးစက်များ ကျရောက်၍ ပျက်စီးခြင်း၊ ငှက်များ မစင်စွန့်ခြင်း ကြောင့် အက်ဆစ် ဖြစ်ရာမှ ပျက်စီးခြင်း၊ သစ်ပင်ကိုင်းများ ခုတ်လှဲရာတွင် စနစ်တကျ မရှိသဖြင့် ကျောက်စာများ ပေါ်သို့ သစ်ကိုင်းကျိုးကျ ပျက်စီးခြင်း၊ သစ်ပင်တို့၏ အမြစ်များမှ တစ်ဆင့် ကျောက်စာများ အက်ကွဲပြီး မိုးရေ ဝင်ရောက်၍ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ကြောင်း ၄င်းတို့၏ လေ့လာချက် များအရ သိရသည်။

ကျောက်စာများကို ထိန်းသိမ်းမှု နည်းစနစ် တူညီသော်လည်း ပျက်စီးရသည့် အကြောင်းရင်းများ မတူညီဟု ၄င်းက ပြောပြသည်။ ကျောက်စာများမှာ လူနေရပ်ကွက် များတွင် ရောက်ရှိနေခြင်း၊ မြေစိုစွတ် မှုကြောင့် ကျောက်စာများ ကွဲထွက် ပျက်စီးခြင်း တို့ကို နိုင်ငံအနှံ့တွင် တွေ့မြင် ရကြောင်း သိရသည်။

ကျောက်တော်ကြီး ဘုရားဝင်း အတွင်းရှိ ကျောက်စာ နယ်မြေ အတွင်း မည်စည်ပင်နှင့် ခရေပင်ကြီးများ ရှေးယခင်ကပင် စိုက်ပျိုးထားခဲ့ရာ အပင်များကို မကြာခဏ ကိုင်းသတ် ပေးရန် လိုကြောင်း သိရသည်။

သာသနာ ပြန့်ပွားမှုတွင် သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယနိုင်ငံ တို့တွင် ကျောက်စာထုလုပ် မှတ်တမ်း တင်ခြင်းနှင့် စကျင်ကျောက်ကို ထုလုပ် မှတ်တမ်းတင်ခြင်း တို့ကိုလည်း မြန်မာနိုင်ငံမှပင် စတင်ဖွယ် ရှိကြောင်း အဆိုပါ ပညာရှင် များက ပြောပြသည်။

အဆိုပါ ကျေက်စာများကို ရေရှည် တည်တံ့အောင် ထိန်းသိမ်း ရမည်ဖြစ်ပြီး ကျောက်စာ ပျက်စီးမှုတွင် သဘာဝ ဘေးထက် လူတို့၏ လုပ်ဆောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ကြောင်း ၄င်းတို့၏ လေ့လာချက်များ အရ သိရသည်။(၁၇၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger