www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 14, 2015

ရေရှည်တည်တံ့သည့် အစိမ်းရောင် စီးပွားရေးမြို့တော်ကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၇၀ တွင် ဖော်ဆောင်လျက်ရှိ



မန္တလေး ၊ ၁၄-၇-၂၀၁၅

ရေရှည် တည်တံ့သည့် အစိမ်းရောင် စီးပွားရေး မြို့တော်အဖြစ် ပြောင်းလဲ နေမှုကို ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇ဝ ကျော် လာပြီဖြစ်ပြီး မြန်မာနိုင်ငံ သည်လည်း အပါအဝင် ဖြစ်ကြောင်း ပြင်သစ် လေ့လာရေး ရန်ပုံငွေနှင့် ပုဂ္ဂလိက ကဏ္ဍ အကူအညီ မြို့ပြ ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးမြို့သည် နိုင်ငံတကာ မှ မြို့ကြီးများ ကဲ့သို့ အစိမ်းရောင် မြို့တော် တည်ဆောက် နိုင်ရန် အလားအလာ ကောင်းများ ရှိနေပြီး ရန်ကုန်မြို့ နှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ တို့သည် ဖွံ့ဖြိုး တိုးတက်ပြီး လူဦးရေ ထူထပ်သိပ် သည်း ၍ အဆောက်အအုံနှင့် လမ်းများ ပေါ်တွင် ယာဉ် အသုံးပြုမှု မြင့်မား သဖြင့် အစိမ်းရောင် မြို့တော် အဆင့်သို့ ပြောင်းလဲနိုင်ရန် မလွယ်ကူ တော့ကြောင်း သိရသည်။

ဗန်ကောက် မြို့သည် လူဦးရေ ၂ ဒသမ ၅ သန်းခန့်ရှိပြီး ယာဉ်များ အသုံးပြုရန် အတွက် လမ်းပန်း ဆက်သွယ်ရေး တည်ဆောက်မှု အပိုင်းတွင် မိုးပျံ ကားလမ်းမများ၊ ခုံးကျော် တံတားများကို အဓိက အသုံးပြု နေသည်။ ၄င်းတို့  တည်ဆောက်ရန် အတွက် နိုင်ငံတော် ဘဏ္ဍာငွေကြေး မြောက်မြားစွာ အသုံးပြုခဲ့ရ သော်လည်း ယာဉ်ကြော ကျပ်တည်းမှုကို ဆိုးရွားစွာ ကြုံတွေ့ နေရသည်။ ယာဉ်အသုံးပြုမှု များသဖြင့် လေထု ညစ်ညမ်းမှု ထူထပ်သော မြို့တစ်မြို့ ဖြစ်လာကြောင်း နှင့် ရန်ကုန်မြို့ တွင်လည်း အလားတူပင် လူနေထူထပ်၍ ယာဉ်အသုံးပြုမှု မြင့်မားကာ ယာဉ်ကြော ကျပ်တည်းမှုကို ရင်ဆိုင်နေ ရကြောင်း သိရသည်။

ကမ္ဘာ့မြို့ကြီး များတွင် ဖွံ့ဖြိုး တိုးတက်ပြီး နောက် ပျက်စီးဆုံးရှုံး လာသော သဘာဝ ပတ်ဝန်းကျင်ကို အစားထိုး နိုင်ရန်အတွက် ပြင်ဆင် မှုများနှင့် စည်းကမ်း ဥပဒေများ ချမှတ် ဆောင်ရွက် နေရပြီး ယာဉ် အသုံးပြုမှု လျှော့ချနိုင်ရေး အတွက် စီမံကိန်းများ ရေးဆွဲ လုပ်ကိုင် နေရကြောင်း သိရသည်။

''ပြင်သစ်နိုင်ငံမှာ ၁၉ ရာစု လောက်က အိမ်တစ်အိမ်မှာ ကားနှစ်စီး လောက် သုံးခဲ့တယ်။ နောက်တော့ အစိုးရက အများသုံး သယ်ယူ ပို့ဆောင်ရေး စနစ်တွေကို တိုးတက် ကောင်းမွန်အောင် ကြိုးစားခဲ့တဲ့ အတွက် အိမ်မှာရှိတဲ့ ကားတွေ ပြန်ရောင်းပြီး လိုင်းကားပဲ စီးကြတယ်။ ခေတ်ကို နောက်ပြန်ဆွဲ ရသလိုပဲပေါ့။ မန္တလေးမြို့ ကိုလဲ အဲဒီလို မဖြစ်အောင် အခု ကတည်းက ကြိုတင် ပြင်ဆင်မှာ ဖြစ်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ရေရှည် တည်တံ့ရန် စိမ်းလန်းသော အမြင်ရှိသည့် မြို့ပြအဖြစ် တည်ဆောက်ရန် အတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုပြီး လူထု၏ ပူးပေါင်း ပါဝင်မှုသည် အဓိက ကျသော အခန်းကဏ္ဍ ဖြစ်ကြောင်း သိရသည်။ အစိမ်းရောင် မြို့ပြတွင် မြို့နေ လူထုအတွက် အဆင်ပြေ၍ ပြည့်စုံ လုံခြုံသော လူနေမှုစနစ် အလုပ်အကိုင် အခွင့်အလမ်းနှင့် ကျန်းမာရေး အတွက် သက်သောင့် သက်သာ ရှိသော သဘာဝ ပတ်ဝန်းကျင်များ ပါဝင်ပြီး ၄င်းတို့ကို ရေရှည်တည်တံ့ ခိုင်မြဲရန် စနစ်ကောင်းများ ပါဝင်ကြောင်း သိရသည်။

မန္တလေးမြို့သည် တိုးတက်လာမည့် လူဦးရေ အတွက် မြို့ကွက်သစ် တိုးချဲ့နိုင်သည့် အနေအထားတွင် ရှိနေပြီး အဆင်ပြေ သင့်တော်မည့် စီမံကိန်းများ ကိုလည်း နှစ်စဉ် သုတေသန ပြုလျက် ရှိကြောင်း သိရသည်။ လတ်တလော တွင် အစိမ်းရောင် မြို့ပြအတွက် ရေပေးဝေမှု စနစ်၊ အမှိုက်စွန့်ပစ်မှု စနစ်၊ မြို့တွင်း သယ်ယူ  ပို့ဆောင်ရေး စနစ် များအတွက် စီမံကိန်းများ ရေးဆွဲလျက် ရှိကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger