www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 11, 2015

ကျန်းမာရေးဝန်ကြီးဌာန မှ တားမြစ်ထားသည့် စပ်ဆေးများကို ပြည်သူတချို့ ၀ယ်ယူသုံးစွဲလျက် ရှိနေဆဲ



ရန်ကုန် ၊ ၁၁-၆-၂၀၁၅

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ဆရာဝန် ညွှန်ကြားထားခြင်း မရှိသည့် စပ်ဆေးများကို မသုံးစွဲ သင့်ကြောင်း ပြည်သူများအား အသိပေး ထားသော်လည်း လက်ရှိတွင် ဆင်ခြေဖုံး မြို့နယ်များတွင် နေထိုင်သူ အများစုမှာ အဆိုပါ စပ်ဆေးများ ကိုသာ သုံးစွဲလျက် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

''အခုချိန်အထိ လူအတော် များများက ရောဂါဖြစ်ပြီ ဆိုရင် ရပ်ကွက်ထဲက ဆေးဆိုင်က စပ်ဆေးတွေ ဝယ်သောက် ကြတယ်။ ရောဂါ အရမ်းဆိုးပြီး မခံနိုင်ကြ တော့မှ ဆေးရုံ၊ ဆေးခန်းတွေ လာကြတယ်။ ဒီရောက်မှ ကြည့်တော့ သောက်ထားတဲ့ ဆေးနဲ့ ရောဂါနဲ့က လွဲနေတယ်။ တချို့ကျ တော့လည်း အသက်အရွယ် ခံနိုင်ရည် အားနဲ့မမျှတဘဲ အရမ်းပြင်းတဲ့ ဆေးတွေ ဖြစ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် ဆရာဝန် ညွှန်ကြားမှု မရှိဘဲ သောက်တဲ့ဆေး တွေဟာ ကြာလာရင် ကျန်းမာရေးကို တော်တော် များများ ထိခိုက် စေနိုင်ပါတယ်'' ဟု မြောက်ဥက္ကလာပ မြို့နယ်မှ ဆရာဝန် တစ်ဦးက ပြောသည်။

ဆရာဝန် ညွှန်ကြားချက် မရှိဘဲ ဆေးဆိုင်များမှ ဝယ်ယူ သောက်သုံးသော ဆေးဝါးများ သည် ရောဂါနှင့် ဆေးဝါး ကိုက်ညီမှု မရှိသည့် အပြင် နောက်ပိုင်းတွင် မလိုလား အပ်သော နောက်ဆက်တွဲ ရောဂါများပင် ဖြစ်ပွားတတ် ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များ၌ အဆိုပါ စပ်ဆေး သောက်သုံးသူ မရှိသလောက် နည်းပါးပြီး ဆင်ခြေဖုံးမြို့နယ် များ၌သာ စပ်ဆေး သောက်သုံးသူများ ရှိနေသေးကြောင်း ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

ချမ်းချမ်းကို

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger