www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 11, 2015

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သား ၁၃၂ ဦး ထပ်မံရောက်ရှိ


ရန်ကုန် ၊ ၁၁-၆-၂၀၁၅

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်း တွင် ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၁၃၂ ဦးသည် စတုတ္ထအကြိမ် အဖြစ် ယမန်နေ့ ညပိုင်းတွင် MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိ လာသည်။

အဆိုပါ ရေလုပ်သား များသည် တနင်္သာရီတိုင်း ဒေသကြီးမှ ၁၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၂ဝ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၁၂ ဦး၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)မှ ၁၇ ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ နှစ်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ငါးဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ လေးဦး၊ မကွေးတိုင်း ဒေသကြီးမှ တစ်ဦး၊ ကရင်ပြည်နယ် မှ သုံးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ နှစ်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ တစ်ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ တစ်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ၁၃ ဦး၊ စုစုပေါင်း ၁၃၂ ဦးဖြစ်သည်။

ပြန်လည် ရောက်ရှိလာသော မြန်မာ ရေလုပ်သားများကို လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (ဗဟို)မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်း စီ၊ ကမ္ဘောဇဘဏ်မှ တစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီ၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်း (ကျိုက်ဝိုင်း) တွင် နေရပ်ထံ ပြန်ရေးနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြန်မာ ရေလုပ်သား များအား ကမ္ဘောဇဘဏ် အုပ်စုနှင့် MAI တို့ ပူးပေါင်း၍ လေယာဉ် စင်းလုံးအခမဲ့ ဖြင့် ရေလုပ်သား ၅ဝဝ ကျော်အား လေးကြိမ်တိုင် ပို့ဆောင်ပေးနိုင် ခဲ့သည်။

ထပ်မံ၍ အင်ဒိုနီးရှား နိုင်ငံရှိ ကျွန်းများ ပေါ်တွင် ကျန်ရှိ နေသေးသော ရေလုပ်သား များအား မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့များ၊ သံရုံးအဖွဲ့ များနှင့် NGO အဖွဲ့များ ပူးပေါင်းကာ ရှာဖွေ ဖော်ထုတ် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger