www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 11, 2015

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ မြန်မာမှုပညာ ထူးချွန်ကျောင်းသား အဖြစ် လျှောက်ထားနိုင်


ရန်ကုန် ၊ ၁၁-၆-၂၀၁၅

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မှစ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အတွက် ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနတွင် မြန်မာမှုပညာ ထူးချွန် ကျောင်းသား၊ ကျောင်းသူ အဖြစ် လျှောက် ထား နိုင်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် မြန်မာမှုပညာ ထူးချွန် ကျောင်းသား အဖြစ် လျှောက်ထား နိုင်မည့် အနိမ့်ဆုံး သတ်မှတ်ချက်မှာ မြန်မာစာ ၆၅ မှတ်နှင့် အထက်၊ အင်္ဂလိပ်စာ ၆၅ မှတ်နှင့် အထက် စုစုပေါင်း ရမှတ် ၄၃ဝ နှင့်အထက် ဖြစ်ပြီး ယခုနှစ် အတွက် စုစုပေါင်း ရမှတ်မှာ ၄၁ဝ သတ်မှတ် ထားကြောင်း သိရသည်။

မြန်မာမှုပညာ သည် မြန်မာမှုရေးရာ နှင့် ပတ်သက်သည် များကို အထူးပြု သင်ကြားသော ဘာသာရပ် ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ မနုဿဗေဒ၊ အရှေ့တိုင်း ပညာ၊ ဒဿနိက ဗေဒ၊ သမိုင်း၊ ပထဝီဝင်၊ ရှေးဟောင်း သုတေသန ပညာတို့မှ ပညာရပ်များ ကိုပါ ပေါင်းစည်း ထားသော ပေါင်းစည်း ဘာသာရပ် (Multi-disciplinary) တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

''တက္ကသိုလ် ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ထူးချွန် ကျောင်းသားတွေ အတွက် ဖွင့်လှစ်ထားတဲ့ မြန်မာမှုပညာ ဘာသာရပ် က ရွေးချယ်သင့်တဲ့ ဘာသာရပ် တစ်ခုပါ။ ဒီ ဘာသာရပ်ကို မြန်မာစာဌာန က တာဝန်ယူ ဖွင့်လှစ်တာပါ။ နောက်ပိုင်းမှာ ဆိုရင် MoU ထိုးထားတဲ့ နိုင်ငံခြား တက္ကသိုလ် တွေမှာသွားပြီး ပညာသင် လေ့လာရေး၊ နိုင်ငံတကာ ဆွေးနွေးပွဲ တို့ကို သွားဖို့အတွက်အခွင့်အလမ်း တွေလည်း ရရှိနိုင် ပါတယ်'' ဟု ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာမှုပညာ တွင် မြန်မာမှု ပင်မဘာသာရပ် အပြင် မြန်မာမှုနှင့် ဆက်နွှယ်သော ပေါင်းစည်း ဘာသာရပ် များထဲမှ မိမိ နှစ်သက်ရာ ဘာသာရပ်ကို စိတ်ကြိုက် ရွေးချယ်သင်ယူ နိုင်ကြောင်း သိရသည်။

ဘွဲ့များ ချီးမြှင့် ရာတွင်လည်း ဝိဇ္ဇာဘွဲ့ သို့မဟုတ် ဝိဇ္ဇာဂုဏ်ထူးဘွဲ့ မှအစပြု၍ မဟာဝိဇ္ဇာဘွဲ့၊ မဟာ သုတေသနဘွဲ့၊ ပါရဂူဘွဲ့အထိ ထူးချွန်မှု အလိုက် အဆင့်ဆင့် အပ်နှင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ် သည် နိုင်ငံတကာ တက္ကသိုလ် များနှင့် နားလည်မှု စာချွန်လွှာများ ရေထိုး၍ ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ မြန်မာမှုပညာ သည် နိုင်ငံတကာ တက္ကသိုလ်များ ဖြစ်သော အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ်၊ သြစတြေးလျ နိုင်ငံ သြစတြေးလျ အမျိုးသား တက္ကသိုလ်၊ ဂျာမနီနိုင်ငံ ဖာဆောင်း တက္ကသိုလ်၊ ဂျပန်နိုင်ငံ နိုင်ငံခြား ပညာရပ်များ လေ့လာရေး တက္ကသိုလ်၊ တရုတ်နိုင်ငံ ပေးကျင်း နိုင်ငံခြား ဘာသာသင် တက္ကသိုလ် တို့မှ စိတ်ဝင်စားသည့် ဘာသာရပ် တစ်ခု ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger