www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 20, 2015

Telematic စနစ် တပ်ဆင်ခြင်း မရှိသည့် မော်တော်ယာဉ်များကို ရန်ကုန် - မန္တလေး အမြန်လမ်းတွင် မောင်းနှင်ခွင့်ပြုမည် မဟုတ်



ရန်ကုန် ၊ ၂၀-၃-၂၀၁၅

မော်တော်ယာဉ် ဆိုင်ရာ အချက်အလက်များ မှတ်တမ်း ရယူနိုင်သည့် Telematic စနစ် တပ်ဆင်ထားခြင်း မရှိသည့် မော်တော်ယာဉ် များအား ရန်ကုန်- မန္တလေး အမြန်လမ်းကို အသုံးပြုခွင့် ပေးမည် မဟုတ်ဘဲ တခြားလမ်းမှသာ မောင်းနှင် စေမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Telematic စနစ်သည် မြန်မာနိုင်ငံ၌ ရှိပြီးဖြစ်သည့် GSM Network ကို အသုံးပြုကာTraffic Management System ၊ Traveller Information System ၊ Vehicle Control System များကို ဆောင်ရွက်နိုင်ပြီး အမြန်လမ်း ပေါ်ရှိ ယာဉ်သွားလာမှု အခြေအနေ၊ ရာသီဥတု အခြေအနေ၊ အမြန်လမ်းနှင့် ပတ်သက်သည့် အချက်အလက် များကို ဆောင်ရွက်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် မော်တော်ယာဉ် အန္တရာယ် ကင်းဝေး စေရေးနှင့် မော်တော်ယာဉ် ဆိုင်ရာ အချက်အလက်များ မှတ်တမ်းရယူ နိုင်ရေးအတွက် Traffic Information Center တည်ထောင်ထားပြီး အဆိုပါစင်တာက Telematic စနစ် အသုံးပြုကာ အမြန်လမ်းတွင် မောင်းနှင်သည့် မော်တော်ယာဉ် များကို မော်တော်ယာဉ် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ညွှန်ကြားချက် များ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Traffic Information Center ကို နေပြည်တော် စီလမ်းဆုံ တိုးဂိတ်၌ ယာယီ ထားရှိပြီး မော်တော်ယာဉ် များကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နိုင်ကာ အရှိန်လွန် မောင်းနှင်ပါက Control center မှ သတိပေးခြင်း၊ ယင်းအဆင့်မှ သတိပေး စကား ပြောသည့်အဆင့် အထိ တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

Telematic စနစ်မှ ရရှိလာသည့် အချက်အလက် အသုံးပြုကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး Telematic စက်ပစ္စည်း များကို ဖျက်ဆီးခြင်း၊ ဖျောက်ဖျက်ခြင်း များ ဆောင်ရွက်ပါက အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ သတ်မှတ် အမြန်နှုန်းထက် ပိုမို မောင်းနှင် နေသည့် မော်တော်ယာဉ်များ၊ သတ်မှတ်နေရာ မဟုတ်ဘဲ ယာဉ်ရပ်နားခြင်း များကို Telematic စနစ် အသုံးပြုပြီး ပထမအဆင့် အဖြစ် သတိပေး သွားမည် ဖြစ်ပြီး ဒုတိယ အဆင့်အဖြစ် အရေး ယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger