www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 19, 2015

မြိတ်ကျွန်းစုရှိ ငါးမန်းနှင့် ဇီဝမျိုးစိတ်များကို ဇန်နဝါရီ တတိယပတ်မှ စ၍ ၁ဝ ရက် ကြာ သုတေသန ပြုလုပ်မည်



မြိတ် ၊ ၁၉-၁-၂ဝ၁၅

မြိတ်ကျွန်းစုရှိ ကျွန်းအချို့တွင် နေထိုင် ကျက်စားသည့် ရှားပါး ပျောက်ကွယ်လု နီးပါး ဖြစ်နေသော ငါးမန်းနှင့် ဇီဝမျိုးစိတ် များကို ဇန်နဝါရီ တတိယပတ် မှစ၍ ၁ဝ ရက်ကြာ သုတေသန ပြုလုပ်မည် ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ သိရသည်။

သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) အနေဖြင့် ဇန်နဝါရီ ၂ဝ ရက်မှ ၃ဝ ရက်အထိ ငါးမန်းများကို သုတေသန ပြုလုပ် သွားမည်ဖြစ်ပြီး ပင်လယ်မြက်များ၊ သန္တာ ကျောက်တန်းများ၊ ရေနေမျိုးစိတ် များကိုပါ လေ့လာ သွားမည် ဖြစ်သည်။ သုတေသန ပြုလုပ်ရာတွင် ငါးမန်း မျိုးစိတ်များ ကျန်ရှိမှု အခြေအနေ၊ နေထိုင် ကျက်စားရာ နေရာများနှင့် ငါးမန်းကျန်ရှိမှု ရာခိုင်နှုန်းကို အဓိကထား လေ့လာ ၍ ထိန်းသိမ်းရေး များ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ငါးမန်းမျိုးစိတ် ၄ဝ ကျော် ရှိသည့် အနက် မြိတ်ကျွန်းစု သည် ငါးမန်းများ နေထိုင် ကျက်စားရာ ဖြစ်ပြီး ငါးမန်းများ တရားမဝင် ဖမ်းဆီးမှု များကြောင့် မျိုးစိတ် အချို့မှာ ပျောက်ကွယ်လျက် ရှိကြောင်း သိရသည်။

ငါးမန်းနှင့် ဇီဝမျိုးစုံ မျိုးကွဲများ သုတေသန ပြုမှုကို သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) နှင့် နိုင်ငံတကာမှ အဏ္ဏဝါဗေဒ ပညာရှင်များ၊ ပြည်တွင်းရှိ တက္ကသိုလ် များမှ ပညာရှင်များ နှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဖမ်းဆီးခြင်း မပြုရန် တားမြစ်ထား သည့် ရေပေါ်၊ ရေအောက် သတ္တဝါ ၁၂ မျိုးရှိပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဖမ်းဆီးခြင်း မပြုရန် တားမြစ် ထားသည့် လင်းပိုင်များကို မြိတ်ကျွန်းစု ရေလုပ်သား အချို့က တရားမဝင် ဖမ်းဆီးမှုများ ရှိနေကြောင်း မြိတ်ဒေသခံ များက ပြောသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger