www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 19, 2015

နည်းပညာဘွဲ့ရ ၄၀ ရာခိုင်နှုန်းခန့်မှာ အခြားလုပ်ငန်းများ၌ ၀င်ရောက်လုပ်ကိုင် လျက်ရှိ



ရန်ကုန် ၊ ၁၉-၁-၂၀၁၅

မြန်မာနိုင်ငံ၌ နည်းပညာနှင့် ဆက်စပ်သော အလုပ်အကိုင် အခွင့်အလမ်း များစွာ ရှိလာသော်လည်း နည်းပညာ ကျွမ်းကျင် ဝန်ထမ်းများမှာ ရှားပါးဆဲ ဖြစ်ကြောင်း www.work.com.mm/my အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက်မှ ကောက်ယူသော စစ်တမ်းအရ သိရသည်။

အဆိုပါ စစ်တမ်းအရ မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ် များနှင့် အခြား တက္ကသိုလ် များမှ နည်းပညာဘွဲ့ရ ၄ဝ ရာခိုင်နှုန်း ခန့်မှာ မိမိ သင်ယူထားသည့် အသက်မွေး ဝမ်းကျောင်း ပညာရပ်နှင့် မကိုက်ညီသော လုပ်ငန်း နယ်ပယ်များ ၌ ဝင်ရောက် လုပ်ကိုင်နေကြ ရကြောင်း သိရသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ ဘွဲ့ရပြီးစ နည်းပညာ ကျောင်းသားများ အတွက် အလုပ်သင် နေရာများ၊ on Job training သင်တန်းများ ရှားပါးခြင်း၊ နယ်မှ လာရောက် နေထိုင် လုပ်ကိုင်ရသော နည်းပညာ ဘွဲ့ရများ အတွက် ရရာ အလုပ်လုပ်ရန် လိုအပ်လျက် ရှိခြင်း၊ အခြား လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင်ရာမှ မိမိ အရည်အချင်း နှင့် ကိုက်ညီမှု ရှိ၍ ဆက်လက် လုပ်ကိုင်ခြင်း များ ဖြစ်နိုင်ခြေ ရှိသည် ဟု www.work.com.mm/my အွန်လိုင်း ဝက်ဘ်ဆိုက်မှ သုံးသပ် တင်ပြ ထားကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌ အလုပ်အကိုင် အခွင့်အလမ်း များမှာ အရည်အချင်း အပြင် လုပ်သက် အတွေ့အကြုံ ရှိထားပြီး သူများကိုသာ ခေါ်ယူမှု များပြားနေပြီး အလုပ်ရရှိရန် ပြိုင်ဆိုင်မှု ပြင်းထန်လျက် ရှိသောကြောင့် မိမိလေ့လာ သင်ကြားခဲ့သည့် ပညာရပ် များနှင့် ကိုက်ညီသော အလုပ်ရရှိရန် မှာလည်း လွယ်ကူမှု မရှိကြောင်း သိရသည်။

ထို့ကြောင့် အလုပ်အကိုင် အခွင့်အလမ်း များ ပေါများ လာသော်လည်း အရည်အချင်း နှင့် ကိုက်ညီသည့် အလုပ်တစ်ခု ကို ဝင်ရောက် နိုင်ရန်မှာ အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger