www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 22, 2014

အမေရိကန်မှ ကြက် ဘဲများ တင်သွင်းမှုကို တောင်ကိုရီးယား ရပ်ဆိုင်း


ဆိုးလ် ၊ ၂၂-၁၂-၂၀၁၄

အမေရိကန် ပြည်ထောင်စုတွင် ကြက်၊ ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားလျက် ရှိခြင်းကြောင့် ၄င်းနိုင်ငံမှ ကြက် ၊ ဘဲ တင်သွင်းမှုနှင့် မွေးမြူရေး ထွက်ကုန် ပစ္စည်းများ တင်သွင်းမှုကို တောင်ကိုရီးယား နိုင်ငံက ရပ်ဆိုင်း ခဲ့ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာန က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံအတွင်း HPAI အမည်ရှိ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ မှုကို ထိန်းချုပ် ဟန့်တား နိုင်ရန် ကြိုးပမ်းလျက် ရှိသောကြောင့် အမေရိကန် ပြည်ထောင်စု မှ ကြက်၊ ဘဲ တင်သွင်းမှုကို ဒီဇင်ဘာ ၂၁ ရက်က ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ ယခုနှစ် အတွင်း HPAI ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့လျက် ရှိပြီး တောင်ကိုရီးယား နိုင်ငံတွင် ၄င်းဗိုင်းရပ်စ်ပိုး ကူးစက် ခံရသူ မရှိကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ပြည်နယ်ရှိ တောတွင်းနေ ငှက်များတွင် H4N2 နှင့် H5N8 အမည်ရှိ ဗိုင်းရပ်စ်ပိုး နှစ်မျိုး ကူးစက်ခံ နေရကြောင်း အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာန က အတည်ပြု ပြောကြားထား သော်လည်း ပြည်သူလူထု၏ ကျန်းမာရေး အတွက် စိုးရိမ်ပူပန် စရာ မရှိကြောင်း၊ ထို့ပြင် နိုင်ငံအတွင်းရှိ ကြက်၊ ဘဲ မွေးမြူရေး ခြံများတွင် ၄င်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း မရှိကြောင်း အဆိုပါ ဌာနက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြား ခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ် အရ သိရှိရသည်။

South Korea halts U.S. poultry imports due to bird flu in U.S.

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger