www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 22, 2014

ဆိုနီကုမ္ပဏီ ဆိုက်ဘာတိုက်ခိုက်ခံ ရမှုကို အမေရိကန်နှင့် ပူးပေါင်းစုံစမ်းစစ်ဆေးရန် မြောက်ကိုရီးယား အဆိုပြု




ပြုံယမ်း ၊ ၂၂-၁၂-၂၀၁၄

ဆိုနီ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီအပေါ် ပစ်မှတ်ထား ပြုလုပ်သည့် ဆိုက်ဘာ တိုက်ခိုက်မှုအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် မြောက်ကိုရီးယား အစိုးရက အဆိုပြု ခဲ့ကြောင်း ၀ါရှင်တန်ပို့စ် ၏ သတင်းတစ်ရပ် အရ သိရသည်။

ထို့ပြင် ၄င်းတို့၏ အဆိုပြုချက်ကို အမေရိကန် အစိုးရက ငြင်းဆိုပါက အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုတွင် မြောက်ကိုရီးယား ပါဝင် ပတ်သက်မှု မရှိခြင်းကို သက်သေပြ နေခြင်း ဖြစ်ကြောင်း သတိပေး ပြောကြား ထားကြောင်း လည်း သိရသည်။

စုံစမ်း စစ်ဆေးမှုအား ပူးပေါင်း ဆောင်ရွက်ရန် အမေရိကန် အစိုးရက လက်ခံလိမ့်မည် မဟုတ်သော်လည်း ၄င်းတို့တွင် အပြစ် မရှိကြောင်း ပြသလိုသည့် အတွက် မြောက်ကိုရီးယား နိုင်ငံဘက်မှ သုတေသီ များက တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆိုနီရုပ်ရှင် ကုမ္ပဏီ၏ ဆိုက်ဘာ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရက မြောက်ကိုရီးယား ကို စွပ်စွဲ အပြစ်တင် ဝေဖန်ခဲ့သည်။ ဆိုက်ဘာ တိုက်ခိုက်မှု အတွင်း ၄င်း ကုမ္ပဏီ၏ စီးပွားရေးနှင့် ပတ်သက်သည့် ဖိုင်များ နှင့် အီးမေးလ် ထောင်ပေါင်းများစွာ ကို လူသိရှင်ကြား ဖော်ထုတ်ခံရပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအင်န် ကို လုပ်ကြံမည့် ဟာသ ဇာတ်လမ်းကို ရိုက်ကူးထားသော The Interview ဇာတ်ကားအား ခရစ္စမတ်နေ့တွင် ဖြန့်ချိမည့် အစီအစဉ် ကိုလည်း ဖျက်သိမ်း ခဲ့ရကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger