www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 7, 2014

စွန့်ပစ်အမှိုက်များမှ စွမ်းအင် ထုတ်လုပ်သည့်စက်ရုံများ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်စောင့်ဆိုင်း



ရန်ကုန် ၊ ၇-၇-၂၀၁၄

တရုတ်နိုင်ငံ စွန့်ပစ် ပစ္စည်းသုံး စွမ်းအင်ထုတ် စက်ရုံ (ပုံ) ကဲ့သို့ ရန်ကုန်မြို့တွင် တည်ဆောက်မည့် စွန့်ပစ် အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ( MIC ) ၏ ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်း နေကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ တစ်ရက်လျှင် တန်ချိန် ၈ဝဝ ခန့် စွန့်ပစ်သော လှိုင်သာယာ မြို့နယ် ထိန်ပင် အမှိုက်ပုံတွင် Chasson International ကုမ္ပဏီက စွန့်ပစ် အမှိုက်များမှ ထုတ်ယူ ရရှိသော ဓာတ်ငွေ့ များကို Generator ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည် ဖြစ်ကြောင်း၊ တစ်ရက်လျှင် တန်ချိန် ၆ဝဝ ကျော် ထွက်ရှိသည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ထားဝယ်ချောင် အမှိုက်ပုံတွင် Zaya and Association+ ဟွန်ဒိုင်းရိုတန် ကုမ္ပဏီက အမှိုက် မီးရှို့စက် ဆောက်လုပ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနထံမှ သိရသည်။

ရန်ကုန်မြို့တွင် မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ တစ်ရက်လျှင် စွန့်ပစ် အမှိုက် တန်ချိန် ၁၆ဝဝ ကျော်ထွက်ရှိပြီး ၄င်းအမှိုက် များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများ ဖြစ်သော လှိုင်သာယာ မြို့နယ် ထိန်ပင် အမှိုက်ပုံ နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံ တို့တွင် နေ့စဉ် စွန့်ပစ်လျက် ရှိကြောင်း လည်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger