www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 7, 2014

လင်းတလူး ကျေးရွာရှိ အောင်တော်မူကျောက်ချပ်စေတီ ဖူးမြော်သူ များပြားလာ



စစ်ကိုင်း ၊ ၇-၇-၂၀၁၄

စစ်ကိုင်းမြို့နယ် လင်းတလူး ကျေးရွာ ရှိ အံ့ဖွယ် အောင်တော်မူ ကျောက်ချပ် စေတီတော် (ပုံ) သို့ လာရောက် ဖူးမြော်သူများ နှင့် ထိုစေတီ၏ အနောက်တောင် အရပ် ချောက်ကမ်းပါး နံရံများတွင် ဖြစ်ပေါ်နေသော သဘာဝ သဲကျောက် ပန်းပွင့်များကို စိတ်ဝင်တစား လာရောက် ကြည့်ရှုသူ များပြား လာကြောင်း စေတီတော် ဂေါပက ဥက္ကဋ္ဌ ဦးစိန်အောင် က ပြောပြသည်။

လင်းတလူး ကျေးရွာသည် စစ်ကိုင်းမြို့နယ် အုန်းတော ကျေးရွာ မြောက်ဘက် လေးမိုင်ခန့်အကွာ မန္တလေး - ရွှေဘို ကားလမ်းဘေး ရှိ ချိုင်းကြီး ကျေးရွာ မှ တစ်မိုင်ခန့် အကွာတွင် တည်ရှိကြောင်း၊ ထို ကျေးရွာ၏ အနောက် တောင်ဘက် နှစ်မိုင်ကျော် ခန့် ကုန်းမြင့်ပေါ်၌ အံ့ဖွယ် ကျောက်ချပ်စေတီ တည်ရှိကြောင်း၊ ထို စေတီတော်သို့ သွားရာတွင် နွားလှည်း သို့မဟုတ် ဆိုင်ကယ် ဖြင့် သွားရောက် နိုင်ကြောင်း သိရသည်။

ထို ကျောက်ချပ်စေတီ ကို မည်သည့် အင်္ဂတေမျှ မပါဘဲ ကျောက်ပြားချပ် လေးများ ဆင့်တင် တည်ထားကြောင်း၊ လေကြောင်း ကျသော နေရာတွင် တည်ရှိပြီး ငလျင်ဒဏ် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရ သော်လည်း လုံးဝ ပျက်စီးခြင်း မရှိခဲ့ကြောင်း၊ ယခင်က ကျောက်ချပ်များမှာ ယခုကဲ့သို့ စီစီရီရီ မရှိဘဲ လွတ်နေကာ စေတီတော်ကို ဟိုဘက် ဒီဘက် ဖောက်၍ မြင်ရကြောင်း၊ ယခုအခါ ဘုရားဖူး သူများက အနီးအပါးရှိ ကျောက်ချပ်များ ဖြင့် ဖြည့်၍ ကုသိုလ်ယူ ကြသောကြောင့် ပြည့်လုနီးပါး ဖြစ်သော်လည်း ကြားတွင် အပေါက်များ ရှိသေးကြောင်း၊ ၁၃၇၁ ခုနှစ်မှစ၍ တိုင်းရင်း သမားတော် ဦးသန်းအောင်၊ ဒေါ်ရီရီအောင် တို့က မတည်၍ ရွာသူရွာသား များနှင့် ဘုရားဖူး လာသူများ စုပေါင်း လှူဒါန်းငွေဖြင့် ထီးတော် တင်လှူခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တိုးတိုးအေး

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger